အမေရိကန်က ပနားမားနိုင်ငံအပေါ် သီတင်းပတ်တိုင်း ပိုးကောင်သန်းချီ ကြဲချရတဲ့အကြောင်းရင်း

10.6.2024-yyl-7.jpg

အမေရိကန်က ပနားမားနိုင်ငံပေါ်မှာ သီတင်းပတ်တိုင်း ပိုးကောင်သန်းချီကို လေယာဉ်နဲ့ ကြဲချနေတဲ့အကြောင်းရင်းကို သင် သိပါသလား။ အမေရိကန်ဟာ ဒီစီမံကိန်းအတွက် နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ၁၅ သန်း အကုန်အကျခံပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ . . . . .။

New World Screwworm လို့ အမည်ပေးထားတဲ့ ပိုးကောင်တွေကို တိုက်ဖျက်ဖို့ပါပဲ။ ကျွဲ၊ နွားတိရစ္ဆာန်တွေ ဒဏ်ရာရတဲ့အခါ အဲဒီအညီနံ့က ယင်မတွေကို စွဲဆောင်သလို ဖြစ်စေပါတယ်။ ယင်မတွေက ဒဏ်ရာပေါ်မှာ ဥဥချတဲ့အခါ အဲဒီပိုးတွေက ဒဏ်ရာအတွင်း မှီခိုစားသောက် ရှင်သန်ကြလို့ တိရစ္ဆာန်တွေ သေဆုံးရလေ့ရှိပါတယ်။ New World Screwworm ကြောင့် နှစ်စဉ်နှစ်တိုင်း ကျွဲ၊ နွားတိရစ္ဆာန်အကောင်ရေသန်းချီ သေဆုံးတတ်ပါတယ်။

အဲဒီပိုးကောင်တွေကို ပိုးသတ်ဆေးနဲ့ တိုက်ဖျက်မယ်ဆိုရင်လည်း ဂေဟစနစ် ထိခိုက်စေနိုင်တဲ့အတွက် အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန (USDA)က နည်းလမ်းသစ် ရှာဖွေခဲ့ရပါတယ်။ အဲဒီလို ရှာဖွေရင်း ယင်ကောင်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပိုးကောင်တွေ ပိုများလာအောင် လုပ်ရမယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပိုးကောင်တွေက ယင်ကောင်ဖြစ်လာမယ့်ဥတွေကို စားပစ်တာကြောင့် ယင်ကောင်အရေအတွက်ကို ထိန်းချုပ်ပြီးသား ဖြစ်စေပါတယ်။

၁၉၅၇ ခုနှစ်မှာ ဒီစီမံကိန်းကို စတင်ခဲ့ပြီး တစ်နှစ်ကို ဒေါ်လာ ၁၅ သန်း အကုန်အကျခံခဲ့တာပါ။ နှစ်ပိုင်းအတွင်း သိသိသာသာ အောင်မြင်မှု ရရှိခဲ့တာကြောင့် မက္ကဆီကိုနိုင်ငံအထိ တိုးချဲ့ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာတော့ ပနားမားနိုင်ငံအထိ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းအရ အမေရိကန်နိုင်ငံဟာ သီတင်းပတ်တိုင်း ပနားမားနိုင်ငံပေါ်မှာ ပိုးကောင် ၁၅ သန်းနီးပါးကို လေယာဉ်နဲ့ကြဲချနေတာပါ။

Ref:Why The US Drops 14.7 Million Worms On Panama Every Week

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top