(၁၀) လအတွင်း မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးလာသူ (၁၅၀၀၀) ကျော်ရှိနေခဲ့

4.jpg

ရန်ကုန်၊ နိုဝင်ဘာ (၁၇)

ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းကစတင်ပြီး (၁၀) လအတွင်း မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးသူတွေ စုစုပေါင်း၁၅,၀၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တပ်မတော်၊ ဒေသခံကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားကာကွယ်ရေးတပ်တွေကြား ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆) ရက်နေ့ကနေ နိုဝင်ဘာ (၈) နေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် အဲ့ဒီဒေသမှာ နေရပ်စွန့်ခွာ ထွက်ပြေးသူပိုမိုများပြားလာပါတယ်။

ချင်းပြည်နယ် မတူပီ၊ ထန်တလန်နဲ့ ပလက်ဝမြို့တွေက လူဦးရေ (၅၂၀၀) ဝန်းကျင်ဟာ တိုက်ပွဲတွေကြောင့် အခုလအစပိုင်းမှာ ထပ်မံအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဒီကနေ့ ဖော်ပြချက်အရ သိရပါတယ်။

မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် မေလကထဲက လူဦးရေ (၄၉,၇၀၀) ဝန်းကျင်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့နေကြရတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ကစတင်ပြီး လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မငြိမ်မသက်မှုတွေကြောင့် လူပေါင်း (၂၂၃၀၀၀) ကျော်ဟာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေရတာ ဖြစ်ပါတယ်။

ပုံစာ- မြန်မာ- အိန္ဒိယနယ်စပ်(အရင်ပုံဟောင်း)
Photo- Reuters
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply