Samsung ၏ နောက်ဆုံးထုတ် Galaxy A Series စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင်စတင်မိတ်ဆက်

Photo_5.png

Samsung Electronics Co., Ltd သည် ၎င်း၏ နောက်ဆုံးပေါ် Galaxy A Series စမတ်ဖုန်းသစ်များဖြစ်ကြသည့် Galaxy A23၊ Galaxy A33 5G နှင့် Galaxy A73 5G စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် စတင်ရောင်းချနေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဆွဲဆောင်မှု အပြည့်ရှိသော လူငယ်ဆန်ဆန် အမိုက်စားဒီဇိုင်းများ ဖြင့် ထွက်ရှိလာသည့် အဆိုပါ အသစ်စက်စက် Galaxy A Series စမတ်ဖုန်းများအား သူမတူသော စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များဖြင့် ဖန်တီးတည်ဆောက် ထားသည့်အတွက် အသုံးပြုသူများ၏ နေ့စဉ်ဘဝအား အကောင်းမွန်ဆုံး ကူညီထောက်ပံ့ပေးသွား နိုင်မည် ဖြစ်သည်။

“အသစ်စက်စက်ထွက်ရှိထားတဲ့ Galaxy A Series စမတ်ဖုန်းတွေရဲ့ အရောင်နဲ့ ဒီဇိုင်းပိုင်းတွေမှာ အမိုက်စား ပြောင်းလဲမှုတွေ ပြုလုပ်ထားတဲ့ အပြင် စွမ်းဆောင်ရည်ပိုင်း မှာလည်း အသုံးပြုသူ တစ်ဦးတစ်ယောက်ချင်းစီ အတွက် သင့်တော်မှု အပြည့်ရှိစေဖို့ အဆင့်မြှင့်တင်ထားတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားတာကို တွေ့မြင်နိုင်မှာပါ။ ဒါ့အပြင် အရင်က Flagship အဆင့် စမတ်ဖုန်းတွေထဲမှာပဲ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကိုပါ အခုအသစ် မိတ်ဆက်ခဲ့တဲ့ Galaxy A Series စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးထားတဲ့အတွက် သုံးစွဲသူတွေ အနေနဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံး စမတ်ဖုန်း အသုံးပြုမှုအတွေ့အကြုံတွေကို သင့်တင့်တဲ့ နှုန်းထားနဲ့ ရယူ အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။

Galaxy A23

ခိုင်ခံ့ကျစ်လစ်သောကိုယ်ထည်နှင့် ဖန်တီးထားသည့် Galaxy A23 စမတ်ဖုန်းတွင် ကြည်လင်ပြတ်သားသော ၆.၆” V-cut မျက်နှာပြင်၊ နာရီပေါင်းများစွာအသုံးခံမည့် 5,000mAh (25W fast charging) ဘက်ထရီများအား ထည့်သွင်းပေးထားသည်။ ထို့အပြင် စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာ လေးလုံး (50 MP Main၊ 5MP Ultra-Wide၊ 2MP Depth နှင့် 2MP Macro Bokeh Effect) နှင့် 8MP Bokeh Effect ရှေ့ဖက်ကင်မရာများအား ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများ အနေနှင့် တန်ဖိုးရှိသော အခိုက်အတန့်တိုင်းအား ကြည်လင်ပြတ်သားမှု အပြည့်ဖြင့် ရိုက်ကူးသိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။ Dolby Atmos Speaker ပါဝင်သောကြောင့် ရှင်းလင်း ပြတ်သားသော အသံအရည်အသွေးအား ရရှိခံစားနိုင်မည် ဖြစ်သည့်အပြင် Snapdragon 680 4G Octa Core processor နှင့် 90Hz Refresh Rate ပါရှိသည့်အတွက် လျင်မြန်ချောမွေ့သော စွမ်းဆောင်ရည်များအား ရယူ အသုံးပြုသွားနိုင်မည် ဖြစ်သည်။ Galaxy A23 (6+128GB) စမတ်ဖုန်းအား မြန်မာငွေကျပ် ၅၆၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီး Awesome Black, Awesome Blue နှင့် Awesome Peach အရောင်သုံးရောင်အနက် ကြိုက်နှစ်သက်သော အရောင်အား ရွှေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Galaxy A33 5G

သေသပ်လှပသော ဒီဇိုင်း၊ အကြမ်းခံသော Gorilla Glass တို့ဖြင့် ဖန်တီးထားသော Galaxy A33 5G စမတ်ဖုန်းအား ၆.၄” FHD+ Super AMOLED Infinity U-Display, 5nm AP, 90 Hz Refresh Rate, IP67 Water & Dust Resistance နှင့် ကြီးမားသော 5,000 mAh ဘက်ထရီများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ထို့အပြင် AI camera၊ Night Mode၊ Portrait Mode နှင့် Auto Mode လုပ်ဆောင်ချက်များ ပါရှိသည့် ကျောဖက်ကင်မရာ လေးလုံး (48 MP Main, 8MP Ultrawide, 5 MP Macro, 2MP Depth) နှင့် 13MP အရှေ့ဘက်ကင်မရာတို့ဖြင့်လည်း ကြည်လင်ပြတ်သားသော ပုံရိပ်များအား အချိန်မရွေး နေရာမရွေး ဖမ်းယူရိုက်ကူးသွားနိုင်မည် ဖြစ်သည်။ Galaxy A33 5G (8+128GB) စမတ်ဖုန်းအား လူငယ်ဆန်၍ ဆွဲဆောင်မှု အပြည့်ရှိသည့်အရောင် ၃ ရောင် (Awesome Violet, Awesome Blue နှင့် Awesome Black) အနက်ကြိုက်နှစ်သက်ရာရွေးချယ်နိုင်ပြီး မြန်မာငွေကျပ် ၈၂၅,၀၀၀ ဖြင့် ဝယ်ယူ ရရှိသွားနိုင်မည်ဖြစ်သည်။

Galaxy A73 5G

စွမ်းဆောင်ရည်အမြင့်မားဆုံးသော A Series စမတ်ဖုန်းဖြစ်သည့် Galaxy A73 5G အား လျင်မြန်သောစွမ်းဆောင်ရည်များကို ထောက်ပံ့ပေးနိုင်သည့် Snapdragon 778G processor, ကြာရှည်အသုံးခံသည့် 5000mAh (25W Super Fast Charging), ကြီးမားကျယ်ပြန့်သော ၆.၇” FHD+ Super AMOLED Infinity-O display, 120 Hz Refresh Rate နှင့် IP67 အဆင့်ရှိ Water & Dust Resistance များနှင့်အတူ ဖွဲ့စည်းတည်ဆောက်ထားသည်။ ကင်မရာပိုင်းတွင်လည်း Galaxy A Series စမတ်ဖုန်းများတွင် ပထမဦးဆုံးအကြိမ်အဖြစ် 108 MP Main ကျောဖက်ကင်မရာအား ထည့်သွင်းပေးထားသည့်အတွက် အရည်အသွေးအမြင့်မားဆုံးသော ပုံရိပ်များအား ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။ Galaxy A73 5G (8+256 GB) စမတ်ဖုန်းအား စွဲမက်ဖွယ်အရောင် ၃ ရောင် (Awesome Gray, Awesome Mint နှင့် Awesome White) အနက် ကြိုက်နှစ်သက်ရာ ရွှေးချယ်နိုင်ပြီး မြန်မာငွေကျပ် ၁,၂၁၉,၀၀၀ ဖြင့် ဝယ်ယူသွားနိုင်မည်ဖြစ်သည်။

ဝယ်ယူရရှိနိုင်မှုနှင့် အထူးအခွင့်အရေးများ

Galaxy A23 နှင့် Galaxy A33 5G စမတ်ဖုန်းအသစ်များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့ နှင့် Galaxy A73 5G စမတ်ဖုန်းကိုမူ ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်နေ့ မှ စတင်၍ Samsung အရောင်းဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စမတ်ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည့် အပြင် Samsung ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://www.samsung.com/mm/ မှတဆင့်လည်း အိမ်တိုင်ရာ ရောက် လွယ်ကူလျင်မြန်စွာ မှာယူရရှိနိုင်ပြီ ဖြစ်သည်။

Galaxy A23 စမတ်ဖုန်းများအား ဝယ်ယူသူများအနေနှင့် Original Cover နှင့် 1000 mAh power bank (ပစ္စည်းလက်ကျန်ရှိသည်အထိ) တို့အားလည်းကောင်း ၊ Galaxy A73 5G စမတ်ဖုန်းများအား ဝယ်ယူသူများအနေနှင့် Headphone (ပစ္စည်းလက်ကျန်ရှိသည်အထိ) တို့အားလည်းကောင်း၊ Galaxy A33 5G စမတ်ဖုန်းများအား ဝယ်ယူသူများအနေနှင့် Bluetooth Speaker တို့အားလည်းကောင်း (ပစ္စည်းလက်ကျန်ရှိသည်အထိ) မေတ္တာလက်ဆောင်ရရှိသွားမည်ဖြစ်သည်။

ယခုအသစ် ထွက်ရှိထားသော စမတ်ဖုန်း မော်ဒယ်အသစ်များအား ဝယ်ယူအားပေးသူများ အနေနှင့် No Worry Crack ဝန်ဆောင်မှုကိုလည်း ရရှိခံစား သွားနိုင်မည် ဖြစ်ပြီး ဝယ်ယူပြီးသည့်နေ့မှ ၃ လအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည် ပြုပြင်ရာတွင် ၅၀% လျှော့ဈေးဖြင့် မှန်လဲလှယ်ခွင့် တစ်ကြိမ်အား (၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ) ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top