အသက်ငယ်ငယ်လေးနဲ့ တက်တူးထိုးတယ်ဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုခံခဲ့ရတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့သမီးလေး

18.7.23-yyl-8.jpg

အကျော်အမောဘောလုံးကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့မိသားစုကဆိုရင် ပရိသတ်တွေရဲ့အာရုံစိုက်တာခံရပါတယ်။ အခုတစ်ခေါက်မှာ ဘက်ခမ်းရဲ့သမီးငယ်လေး ဟာပါဘက်ခမ်းက ပရိသတ်ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ သူ့ယောင်းမနဲ့ပုံစံတူတက်တူးကို ထုတ်ပြခဲ့ပြီးတဲ့နောက်မှာ လူမှုကွန်ယက်အသုံးပြုသူတွေက အမျိုးမျိုးတုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။ တချို့ကတော့ ဟာပါကို ကောင်းတဲ့ဘက်က ပြောကြပေမဲ့ တချို့ကတော့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့က ဟာပါဟာ အသက် ၁၂ နှစ်ပြည့်မြောက်သွားခဲ့တာပါ။ မိဘတွေနဲ့အတူ ကဖီးဆိုင်တစ်ခုမှာ မွေးနေ့ပါတီဆင်နွှဲခဲ့ကြပါတယ်။ အဲဒီတုန်းက ပါတီဝတ်စုံဝတ်ဆင်ထားပြီး မိခင်ဖြစ်သူ ဗစ်တိုးရီးယားနဲ့အတူ Pose ပေးထားတဲ့ပုံ၊ ဖခင်ဖြစ်သူ ဘက်ခမ်းနဲ့အတူ ရိုက်ထားတဲ့ ပုံတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

လူမှုကွန်ယက်ပေါ်တင်ထားတဲ့ ပုံတစ်ပုံမှာတော့ ဘရွတ်ကလင်းဘက်ခမ်းရဲ့ဇနီး နစ်ကိုလက်စ်က သူ့ရဲ့ခါးအောက်ပိုင်းက တက်တူးကို ပြထားပါတယ်။ ဟာပါကလည်း သူ့ရဲ့နံရိုးပေါ်က နစ်ကိုလက်စ်ရဲ့တက်တူးနဲ့ဆင်တူတက်တူးအသစ်ကို ပြထားပါတယ်။ နီကိုလက်စ်က “ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးပါ ဘေဘီညီမလေး ဟာပါ…အံ့ဩစရာအကောင်းဆုံးကောင်မလေးပါ။ ငါ့ရဲ့ဘဝမှာ ညီမလေးရှိလို့ အရမ်းကံကောင်းပါတယ်။ ညီမလေး သိထားတာထက်ပိုပြီး ချစ်တယ်။ အမြဲတမ်းအတူရှိနိုင်မလား”လို့လည်း မွေးနေ့ဆုတောင်းပေးထားပါတယ်။

ဟာပါရဲ့နံရိုးပေါ်က တက်တူးကို လူမှုကွန်ယက်အသုံးပြုသူတွေမြင်ပြီး အသက်ငယ်ငယ်လေးနဲ့ တက်တူးထိုးဖို့မသင့်ဘူးလို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ တကယ်တော့ အဲ့ဒီတက်တူးက ယာယီတက်တူးပါ။ နီကိုလက်စ်ရဲ့တက်တူးကတော့ အစစ်ဖြစ်ပြီး ဟာပါကတော့ ရေစိုခံယာယီတက်တူးပါ။

Ref: David Beckham’s Daughter Gets a Matching “Tattoo” for Her 12th Birthday and Sparks Controversy Among Fans

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top