မိချောင်းကို ရင်ဆိုင်တိုက်ခိုက်ပြီး ခင်ပွန်းကို အသက်ဘေးကနေ ကယ်တင်ခဲ့သူ

16.4.2023-yyl-iamge-1.jpg

အိန္ဒိယအမျိုးသမီးတစ်ယောက်က သူ့ယောကျာ်းကို မိချောင်းပါးစပ်ထဲကနေ ကယ်တင်နိုင်ခဲ့တယ်။ ရာဂျက်စသန်ပြည်နယ် ကိန်ကက်ချာရွာမှာ အခုလို ဖြစ်ခဲ့တာပါ။ ဘန်နီဆင်းမ်ဆိုတဲ့ အမျိုးသားက သူ့ဆိတ်တွေအတွက် မြစ်ထဲမှာ ရေသွားခပ်ရင်း မိချောင်း ကိုက်ခံရတာပါ။ မိချောင်းက သူ့ခြေထောက်ကို ကိုက်ထားချိန်မှာ သူ့ဇနီး မီနာက ပြေးလာပြီး မိချောင်းကို တုတ်နဲ့ ရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ မိချောင်းက သူ့ယောကျာ်းခြေထောက်ကို မလွှတ်တဲ့အပြင် ရေနက်ထဲ ဆွဲပြေးပါတယ်။ အဲဒီတော့ မီနာက မိချောင်းရဲ့မျက်စိကို တုတ်နဲ့ထိုးတော့မှ မိချောင်းက ဘန်နီဆင်းမ်ရဲ့ခြေထောက်ကို လွှတ်ပေးခဲ့တာပါ။

ဒီဖြစ်ရပ်အပြီးမှာတော့ အိန္ဒိယမှာ ဟင်ဒီဘာသာနဲ့ထုတ်ဝေတဲ့ အကြီးမားဆုံးနေ့စဉ်ထုတ်သတင်းစာ ဒိုင်းနစ်ဘာဆကာက မီနာကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ ” အဲဒီအချိန်မှာ ကျွန်မယောကျာ်းအသက်ကို ကယ်ဖို့ဆိုတဲ့ စိတ်တစ်ခုတည်းရှိတယ်။ ကိုယ့်အသက်ကိုတောင် အရေးမစိုက်ခဲ့ဘူး” လို့ မီနာက ဆိုပါတယ်။ ဘန်နီဆင်းမ်ကို မန်ဒရာယယ်ဆေးရုံထံ တင်ပို့ခဲ့ပြီး ဆေးကုသပေးလျက်ရှိပါတယ်။

Ref: Woman Battles Crocodile With A Stick To Save Her Husband’s Life

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply