ကင်ဆာရောဂါဓာတုကုထုံးခံယူနေစဉ်အတွင်းမှာတောင် စာသင်မပျက်ခဲ့တဲ့ ဆရာမတစ်ဦး

27-1-2021-yyl-48.jpg

မင်နီဆိုးတားပြည်နယ်က ကယ်လီ ကလိန်း (Kelly Klein) ဆိုတဲ့အမျိုးသမီးကတော့ ဒေသခံတွေ သတိရနေစေမယ့် ဆရာမတစ်ဦးပါပဲ။ ကျောင်းသား၊ကျောင်းသူတွေကို အွန်လိုင်းကနေတဆင့် မပျက်မကွက်စာသင်ကြားပေးတဲ့သူတစ်ယောက်ပါ။ သူဟာ သားဥအိမ်ကင်ဆာ (Ovarian Cancer) ကို တွန်းလှန်နေရတာအချိန်မှာတောင် စာသင်ကြားတာ မပျက်ခဲ့ပါဘူး။

ကယ်လီဟာ ကင်ဆာဓာတုကုထုံးအတွင်းမှာတောင် အွန်လိုင်းကနေတဆင့် နေ့တိုင်းစာသင်ကြားပေးခဲ့ပါတယ်။ ကင်ဆာရောဂါအတွက် ကုသမှုခံယူစဉ်အတွင်း ခွင့်ယူဖို့ ငြင်းဆန်ခဲ့တဲ့အထိ တကယ်တော်တဲ့ ဆရာမတစ်ဦးပါပဲ။ ဒါပေမဲ့ သူဟာ လွန်ခဲ့တဲ့ ၅ နှစ်က ရောဂါကို စတင်ခံစားခဲ့ရတဲ့အချိန်တုန်းကတော့ အရမ်းနေမကောင်းဖြစ်လွန်းလို့သာ ခွင့်ပြုခဲ့ရပါတယ်။ “ကျွန်မ လွန်ခဲ့တဲ့ ၅ နှစ်က ကင်ဆာရောဂါကို စတင်ခံစားခဲ့ရတာပါ။ ကျွန်မ အရမ်းနေမကောင်းတဲ့အတွက် ခွင့်ယူခဲ့ပါတယ်။ ကျွန်မ စာသင်ကြားရတာကို အရမ်းလွမ်းခဲ့ရတာပါ”လို့ ကယ်လီက ပြောပါတယ်။

မူကြိုကလေးတွေက အွန်လိုင်းကနေတဆင့် ကယ်လီကုသမှုခံယူနေရတာကို မြင်တွေ့နေရတာပါ။ ကယ်လီဟာ (၅) နှစ်ကလေးတွေနဲ့ (၄-၅) နာရီလောက် အချိန်ကုန်ဆုံးနေရတာက သူ့ကို ကင်ဆာရောဂါသက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းပါပဲတဲ့။ “ကလေးတွေနဲ့ (၄-၅) နာရီလောက် အချိန်ကုန်ဆုံးရတာ ဘယ်လောက်ကောင်းလိုက်သလဲ။ ဒါက အချိန်တွေကို မြန်မြန်ကုန်စေတယ်။ ကျွန်မကိုလည်း ပြုံးစေတယ်” လို့ ကယ်လီက ပြောပါတယ်။

ကင်ဆာရောဂါနဲ့တောင် လူတွေက အသက်ရှင်ရပ်တည်နိုင်တယ်ဆိုတာကို ကျောင်းသား၊ကျောင်းသူတွေအားလုံးကို ပြချင်တယ်လို့ ကယ်လီက ပြောပါတယ်။ “ကုသမှုခံယူနေစဉ်အတွင်း ဘာလို့ ငါမသင်နိုင်ရမလဲ၊ နေ့တိုင်း စာသင်ဖို့ ကလေးတွေမရှိရင် ဘယ်လိုလုပ်မလဲလို့ ကျွန်မတွေးဖြစ်တယ်။ ကျွန်မရဲ့ကျောင်းသား/သူတွေက ခွန်အားဖြစ်စေတယ်”လို့ ကယ်လီကပြောပါတယ်။ ကယ်လီဟာ သူ အသက်ရှင်နေသရွေ့ ကျောင်းသား/သူတွေကို သင်ခန်းစာတွေ အကောင်းဆုံးသင်ကြားပေးနေပါတယ်။

Ref: CBSNews “Minnesota teacher with cancer continues virtual classes, even during chemotherapy”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top