အပြန်အလှန်ကြိတ်ခိုက်ကြရင်းကနေ ဖူးစာဆုံသွားစေနိုင်မယ့် ဖေ့စ်ဘွတ်ခ်ရဲ့ “Secret Crush”

Facebook-Dating-Secret-Crush-Feature-Launch.png

သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားစရာလုပ်ဆောင်ချက်သစ်တစ်မျိုးဖြစ်တဲ့ တိတ်တခိုးချစ်ရသူ “Secret Crush” လုပ်ဆောင်ချက်ကို ဖေ့စ်ဘွတ်ခ်က မနှစ်ကထုတ်ပေးထားခဲ့တဲ့”Facebook Dating” အစီအစဉ်မှာ ထပ်ပြီးထည့်သွင်းပေးတော့မှာပါ။ ဖေ့စ်ဘွတ်ခ်ရဲ့ ဒီလိုကြေညာလိုက်မှုက သုံးစွဲသူတွေအကြား အတော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ ဒီလိုကြေညာလိုက်မှုက သုံးစွဲသူတွေအကြား အတော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့ပါတယ်

ချစ်သူရည်းစားရှာဖွေချင်သူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် “Secret Crush” လုပ်ဆောင်ချက်သစ်ကိုဝင်ရောက်ပြီး မိမိတိတ်တခိုးချစ်ရသူ Crush (၉) ယောက်အထိ ရွေးချယ်ထည့်သွင်းနိုင်မှာပါ။

“Secret Crush” လုပ်ဆောင်ချက်သစ်ကိုဝင်ရောက်ပြီး မိမိတိတ်တခိုးချစ်ရသူ Crush (၉) ယောက်အထိ ရွေးချယ်ထည့်သွင်းနိုင်မှာပါ

Crush အဖြစ် ကိုယ်ရွေးချယ်လိုက်တဲ့သူထံကို ဖေ့စ်ဘွတ်ခ်က “တစ်စုံတစ်ယောက်ကတော့ သင့်ကို တိတ်တခိုးချစ်နေပါပြီ ” လို့ အသိပေးချက်ပို့ပေးသွားမှာဖြစ်ပြီး တကယ်လို့ သူ့ဘက်ကရွေးချယ်ထားတဲ့ Crush စာရင်းထဲမှာလည်း ကိုယ်ပြန်ပါနေတယ်ဆိုရင်တော့ ဖေ့စ်ဘွတ်ခ်က နာမည်နှစ်ခုကိုအပြန်အလှန်အသိပေးပြီး ဖူးစာရေးပေးလိုက်မှာဖြစ်ပါတယ်။ ကြိတ်ပြီးနှစ်သက်သဘောကျနေရသူအချင်းချင်း စကားတွေဆက်ပြောရင်းနဲ့ ဒိတ်လုပ်ခွင့်ရပြီဆိုတဲ့အခြေအနေက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမှာပါ။

ကြိတ်ပြီးနှစ်သက်သဘောကျနေရသူအချင်းချင်း စကားတွေဆက်ပြောရင်းနဲ့ ဒိတ်လုပ်ခွင့်ရပြီဆိုတဲ့အခြေအနေက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမှာပါ

ကိုယ်က Crush အဖြစ် ရွေးချယ်ထားတဲ့သူရဲ့ Crush စာရင်းထဲမှာ ကိုယ်က ရွေးချယ်ခံထားရခြင်းမရှိသေးသမျှတော့ ကိုယ်ဘယ်သူဘယ်ဝါဆိုတာကို သူ့ဘက်ကမသိရအောင် ဖေ့စ်ဘွတ်ခ်က လျှို့ဝှက်ပေးထားမှာပါ။

“Secret Crush” လုပ်ဆောင်ချက်အသစ်ကို မကြာခင်ထွက်လာမယ့် ဖေ့စ်ဘွတ်ခ်ဗားရှင်းအသစ်မှာထိတွေ့အသုံးပြုခွင့်ရမယ်လို့ သိထားရပါတယ်

ဒီ တိတ်တခိုးချစ်ရသူ “Secret Crush” လုပ်ဆောင်ချက်အသစ်ကို မကြာခင်ထွက်လာမယ့် ဖေ့စ်ဘွတ်ခ်အပ်ဗားရှင်းအသစ်မှာ အထာကျကျ ထိတွေ့အသုံးပြုခွင့်ရမယ်လို့ သိထားရပါတယ်။

Ref: Independent ” FACEBOOK UPDATE BRINGS NEW FEATURE TO TELL YOUR ‘SECRET CRUSH’ THAT YOU ARE INTO THEM ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top