5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခုကို ဂျပန်လုပ်ငန်းစုတွေ ဖန်တီး

4.5.24-yyl-14.jpg

ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ 5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခု ဖန်တီးခဲ့ပါတယ်။ အဲဒီကိရိယာဟာ ပေ ၃၃၀ အကွာအဝေးအတွင်း တစ်စက္ကန့်ကို 100 gigabits (Gbps)နှုန်း ဒေတာတွေ ပို့လွှတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

DOCOMO ၊ NTT Corporation ၊ NEC Corporation ၊ Fujitsu လုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းဟာ ၂၀၂၁ ခုနှစ်ကတည်းက 6G ကိရိယာကို သုတေသနပြု၊ ဖန်တီးခဲ့ကြတာပါ။

Ref: Japan develops world’s first 6G device that’s 20 times faster than 5G

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top