ခင်ပွန်းကို ချစ်သူဟောင်းနဲ့ လက်ထပ်ခွင့်ပေးခဲ့ပြီး သူ့အိမ်မှာ ခေါ်ထားတဲ့ အိန္ဒိယသူ

6-10-2022-yyl23.jpg

အိန္ဒိယအမျိုးသမီးတစ်ယောက်ရဲ့လုပ်ရပ်ကတော့ ” မုန့်ကိုပဲ ဝေစားမယ်၊ အချစ်ကို ဝေမစားဘူး”ဆိုတဲ့ ဆိုရိုးကိုတောင် ပြန်ပြောင်းရမလို ဖြစ်နေပါပြီ။ သူ့ယောကျာ်းနဲ့ ရည်းစားဟောင်းတို့ သံယောဇဉ်မပြတ်သေးတာ သိသွားပြီးနောက်မှာ ဝိမာလဆိုတဲ့ အမျိုးသမီးက သူ့ယောကျာ်းကို ရည်းစားဟောင်းနဲ့ လက်ထပ်ဖို့ ခွင့်ပြုပေးခဲ့တဲ့အပြင် သူတို့အိမ်မှာ လာနေခွင့် ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ တိုင်ရုပတ္တီမြို့မှာ ဒီလိုအဖြစ် ဖြစ်ခဲ့တာပါ။ ယောကျာ်းဖြစ်သူ နာမည်က ကာလန်ပါ။ သူက ဗီဒီယိုဖန်တီးသူ။ ဝိမာလနဲ့ အိမ်ထောင်မပြုခင် influencer တစ်ယောက်ဖြစ်တဲ့ နီတာသျှရီနဲ့ ချစ်သူဖြစ်တယ်။ နောက်တော့ သူတို့ပြဿနာတစ်ခုကြောင့် လမ်းခွဲလိုက်ကြတာပါ။ ဒါပေမဲ့ နောက်ပိုင်း ပြန်ပြေလည်သွားပြီး တိုင်ရုပတ္တီမြို့ကို နီတာ ပြောင်းလာချိန်မှာ ပြန်ဆက်မိခဲ့ကြတာပါ။

ကာလန်နဲ့ နီတာက သူတို့ကို လက်ထပ်ခွင့်ပေးဖို့ ဝိမာလဆီမှာ ခွင့်လာတောင်းတယ်။ စစချင်းတော့ ဝိမာလ တွေဝေသွားခဲ့ပေမဲ့ နောက်တော့ အိန္ဒိယထုံးတမ်းစဉ်လာအတိုင်း ဘုရားကျောင်းမှာ သူကိုယ်တိုင် ကြည်ကြည်ဖြူဖြူ လက်ထပ်ခွင့်ပေးခဲ့တယ်။ ပြီးတော့ ကာလန်နဲ့ နီတာက သူနဲ့ တစ်အိမ်တည်း အတူနေဖို့ တောင်းဆိုတာကိုလည်း ဝိမာလ သဘောတူခဲ့တယ်။

အိန္ဒိယလူမှုကွန်ရက်မှာ ဒီအကြောင်း လူပြောများပြီး တချို့က ဝိမာလရဲ့ စွန့်လွှတ်သည်းခံနိုင်စွမ်းကို ချီးကျူးကြသလို တချို့ကလည်း ကာလန်က သူ့မိန်းမကို အရှက်ခွဲတာလို့ စွပ်စွဲခဲ့ကြပါတယ်။

Ref:Woman Helps Husband Marry Ex-Girlfriend, The Three of Them Now Live Together

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top