အမွေဆက်ခံမယ့် သား/သမီး မရှိတဲ့ အီတလီအမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ဆွေမျိုးသားချင်းတွေကို မျက်ကွယ်ပြုပြီး သွေးသားမတော်စပ်တဲ့ ပြုစုစောင့်ရှောက်ပေးသူကို ယူရို ၅ သန်း အမွေပေးခဲ့ပါတယ်။ အီတလီနိုင်ငံ၊ ရိုဗာရီတိုမြို့မှာ နေထိုင်တဲ့ မာရီယာမယ်ဖက်တီဟာ မြို့တော်ဝန်ဟောင်း ဗယ်လာရီယာနိုရဲ့ မျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပြီး အလွန်ချမ်းသာကြွယ်ဝသူပါ။ မြို့လယ်ခေါင်မှ သမိုင်းဝင်အဆောက်အအုံအပါအဝင် တိုက်ခန်းအများအပြား ပိုင်ဆိုင်ပြီး ဘဏ်ထဲမှာလည်း ငွေအများအပြား အပ်နှံထားသူပါ။
ဒါပေမဲ့ သူက အိမ်ထောင်မပြုခဲ့တာကြောင့် အမွေဆက်ခံမယ့် သားသမီးလည်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကွယ်လွန်သွားခဲ့ပြီး တူ/တူမ ၁၀ ယောက် ကျန်ရစ်ခဲ့ပေမဲ့ သူတို့အတွက် အမွေ လုံးဝချန်ရစ်ထားခဲ့ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ မာရီယာကို အယ်လ်ဘေးနီးယားအမျိုးသမီးတစ်ယောက်က ပြုစုစောင့်ရှောက်ပေးခဲ့ပြီး မာရီယာက သူ့ရဲ့ သေတမ်းစာမှာ အမွေအားလုံး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ရှေ့နေဖြစ်သူ လူကာဖက်ဒရီဇီက မာရီယာရဲ့ သေတမ်းစာကို ဖတ်ကြားချိန်မှာ တူ/တူမတွေက မကျေမနပ်ဖြစ်ပြီး အမွေဆက်ခံခွင့်ကို ရပ်ဆိုင်းထားဖို့ လျှောက်ထားခဲ့ကြပါတယ်။ မာရီယာက အသက်ကြီးနေလို့ ပြုစုစောင့်ရှောက်ပေးနေသူက အခွင့်ကောင်းယူသွားတာလို့ သူတို့က စွပ်စွဲခဲ့ကြပါတယ်။ တရားသူကြီးကလည်း အယ်လ်ဘေးနီးယားအမျိုးသမီးရဲ့ အမွေဆက်ခံခွင့်ကို ရပ်ဆိုင်းထားပြီး စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
Ref: Woman Leaves $5 Million Fortune to Caretaker, Completely Snubs Relatives
NZ ( ရိုးရာလေး)