မျက်စိနှစ်ကွင်း အလင်းမရသူနဲ့ လက်နှစ်ဖက်မရှိသူက သစ်ပင် ၁၀၀၀၀ ကျော် စိုက်ပျိုး

13-7-2022-17.jpg

တစ်ယောက်က မျက်စိနှစ်ဖက်လုံး အလင်းမရဘူး၊ နောက်တစ်ယောက်က လက်နှစ်ဖက်လုံး မရှိဘူး။ ဒါပေမဲ့ သူတို့က ၁၀ နှစ်အတွင်း သစ်ပင် ၁၀၀၀၀ ကျော် စိုက်ပျိုးခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ လူအဖြစ် ရှင်သန်ခွင့်ရတဲ့ဘဝမှာ အဓိပ္ပာယ်ရှိချင်လို့ပါတဲ့။ကျားဟိုင်ရှားနဲ့ ကျားဝမ်ချီတို့ဟာ ကလေးဘဝကတည်းက ကျောင်းသွားဖော် သူငယ်ချင်းတွေပါ။ ကျားဟိုင်ရှားက မွေးရာပါ ဘယ်ဘက်မျက်လုံး မမြင်ဘူး။ နောက်တော့ ကျောက်ခဲစင်လို့ ညာဘက်မျက်လုံးပါ ကွယ်သွားတယ်။

ကျားဝမ်ချီက ၃ နှစ်သားအရွယ်မှာ မြေပေါ်ကျနေတဲ့ ဗို့အားပြင်း ဓာတ်ကြိုးကိုသွားကိုင်လို့ ဓာတ်လိုက်ပြီး လက်နှစ်ဖက်လုံး ဖြတ်ခဲ့ရသူပါ။ သူတို့နှစ်ယောက် အပြန်အလှန် အမှီသဟဲပြုပြီး နေကြတယ်။

လူ့အဖွဲ့အစည်းအတွက် အသုံးမဝင်တဲ့သူတွေ မဖြစ်စေဖို့ တစ်ခုခုလုပ်ရမယ်လို့ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး သစ်ပင်တွေ စိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစောပိုင်းမှာ သူတို့စိုက်တဲ့ သစ်ပင် ၈၀၀ သေသွားခဲ့ပေမဲ့ လက်မလျှော့ခဲ့ဘဲ နည်းလမ်းသစ်တွေ အသုံးပြုကာ ၁၀ နှစ်အတွင်း သစ်ပင် ၁၀၀၀၀ ကျော် စိုက်ပျိုးခဲ့တာပါ။

သူတို့ဟာ ပျိုးပင်တွေမဝယ်နိုင်လို့ ရှိပြီးသား သစ်ပင်တွေရဲ့ အကိုင်းတွေကို ချိုးကာ ပြန်စိုက်ပျိုးတာမျိုးလည်း လုပ်ခဲ့ရပါတယ်။ အစောပိုင်းမှာ ရွာသားတွေက သူတို့ကို ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်မှာ မဟုတ်ဘူးလို့ အထင်သေးခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ရဲ့ ဇွဲ၊ လုံလ၊ ဝီရိယကို အသိအမှတ်ပြုပြီး လုပ်အားပေးအဖြစ် ဝိုင်းကူဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။

ဒါကတော့ ၂၀၁၅ ခုနှစ်ကတည်းက ပျံ့နှံ့ခဲ့တဲ့ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။

Ref: China, two disabled friends plant 10,000 trees to sow the seeds of a better future

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top