ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ စတိုင်ကျကျ ပျံသန်းကြတဲ့ အနုပညာရှင်များ

Angelina-Jolie.png

ကားအကောင်းစားစီးတာကနေ စိန်လက်ပတ်နာရီပတ်နိုင်တဲ့ အဆင့်အထိ ချမ်းသာမှု အတိုင်းအတာကို အမျိုးမျိုးသတ်မှတ်ကြပေမဲ့ သူဌေးတွေထဲမှာ အချမ်းသာဆုံးသူဌေးတွေပဲ လုပ်ဆောင်နိုင်တဲ့အရာက နည်းပါတယ်။

ချမ်းသာတဲ့ အတိုင်းအတာတစ်ခုလောက် ရောက်တဲ့အခါ လန်ထွက်နေတဲ့ကားတွေ၊ တန်ဖိုးကြီး လက်ဝတ်ရတနာတွေ၊ ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီး အိမ်ကောင်းတွေ ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ပိုင်ဖို့ဆိုရင်တော့ ဒီ့ထက်မက ချမ်းသာမှ ရမှာပါ။ ဘဝမှာ ချမ်းသာကြွယ်ဝတွေ အရမ်းများလို့ ကိုယ်ပိုင် ဂျက်လေယာဉ်တောင် ဝယ်စီးနိုင်တဲ့ အနုပညာရှင်တွေရှိပါတယ်။ ဘယ်သူတွေများလဲကြည့်ရအောင်…..။

အန်ဂျလီနာဂျိုလီ

ဟောလီးဝုဒ်မှာ အကျော်ကြားဆုံး ငွေကြယ်ပွင့်တစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူး။ သူမ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ စံချိန်တင်ဝင်ငွေ ရှာနိုင်ရုံသာမက ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးမှာ ပါဝင်ပြီး ပိုက်ဆံတွေ သဲ့ယူနေသူပါ။ သူမရဲ့ သရုပ်ဆောင်အလုပ်က သူမကို ငွေပုံပေါ်ပို့ဆောင်ပေးနေသလိုပါ။ သူမကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းချင်တယ်ဆိုရင်တော့ ဈေးကြီးကြီးပေးမှရမှာပါ။ သူမက Cirrus SR 22 အမျိုးအစား ဂျက်လေယာဉ်ကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်ပျံသန်းခွင့် လိုင်စင်တောင် ရထားတာဆိုတော့ လန်းတယ်မလား။

Jim Carrey

Jim က ရုပ်ရှင်လောကထဲက ပျောက်သွားတာကြာပါပြီ။ ဒါပေမဲ့ တစ်ချိန်တုန်းကသူလည်း ဟောလီးဝုဒ်ရဲ့ နာမည်ကြီး ငွေကြယ်ပွင့်ပါ။ ဒါရိုက်တာတိုင်းက သူနဲ့ ဇာတ်ကားရိုက်ဖို့ ဒေါ်လာသန်းချီပေးရလည်း မနှမြောပါဘူးဆိုပြီး ကမ်းလှမ်းကြပါတယ်။ ဒီလိုအချိန်တွေ အများကြီးရှိခဲ့လို့လည်း အခုဆို ဒေါ်လာ ၅၉ သန်းတန်တဲ့ Gulfstream ဂျက်လေယာဉ်ကို ပိုင်ဆိုင်နိုင်တာပါ။

Oprah Winfrey

စီးပွားရေးလုပ်ငန်းရှင်ကြီးကတော့ သူမချမ်းသာကြောင်းပြောဖို့ဆို ရှက်မနေတတ်တဲ့သူပါ။ ဘီလျံနာအဆင့်အတန်းနေထိုင်တဲ့ အနုပညာရှင် အနည်းငယ်ထဲက တစ်ယောက်လို့ ပြောလည်း မမှားပါဘူး။ ဒီလောက်ပိုက်ဆံတွေ ပိုင်ဆိုင်လို့လည်း ကိုယ်ပိုင်ဂျက်လေယာဉ်ဝယ်နိုင်တယ်ဆိုတာ မဆန်းပါဘူး။ Global Express XRS လို့ခေါ်တဲ့ လူ ၁၀ ယောက်ဝင်ဆံ့တဲ့ ဂျက်လေယာဉ်ကို ပိုင်ဆိုင်ထားသုပါ။

Celine Dion

Titanic ဇာတ်ကားကိုကြည့်ဖူးသူတိုင်း “My Heart Will Go On”ဆိုတဲ့ ဇာတ်ဝင်တေးကိုတော့ ကြားဖူးကြမှာပါ။ ဒီသီချင်းကို အသက်ဝင်အောင် ပုံဖော်သီဆိုပေးသူက Celine Dion ပါ။ ကမ္ဘာတစ်ဝန်းမှာလည်း သူမက ရေပန်းစားသလိုသူမရဲ့ သီချင်းတွေက အကျော်ကြားဆုံးစာရင်းထဲမှာ ထိပ်ဆုံးကမဆင်းဘဲ နှစ်များစွာ ရပ်တည်ခဲ့ပါတယ်။ ဒီလောက်ချမ်းသာလို့လည်း သူမ က Bombardier Global Express ဂျက်လေယာဉ်ကို ပိုင်ဆိုင်တာပါ။

Tom Cruise

အက်ရှင်ဇာတ်ကားတွေ မှာ မပါမဖြစ်က Tom Cruise ပါ။ သူက အရမ်းချမ်းသာသလို ဇာတ်ကားတစ်ကားရိုက်ရင် သရုပ်ဆောင်ကြေးက ဒေါ်လာ သန်း၂၀ အထက်မှာပါ။ ဒီပိုက်ဆံတွေ ဘယ်ရောက်ကုန်လဲဆိုရင်တော့ ဂျက်လေယာဉ် ၅ စီး ဝယ်ထားပါတယ်။ ဂျက်လေယာဉ်တွေထဲမှာ အကောင်းဆုံးထဲက တစ်ခုဖြစ်တဲ့ Gulfstream IV ကိုလည်း သူပိုင်ဆိုင်ထားပါတယ်။ ကဲ.. ဒါဆိုရင်တော့ အနုပညာရှင်တွေ ဘယ်လောက်ချမ်းသာလဲ သိသွားလောက်ပြီပေါ့…။

Ref: celebrities who have their own stylish private- ets

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top