မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးကို လက်ကိုင်တုတ်အဖြစ် နှစ် ၂၀ ကျော် အသုံးပြုခဲ့သူ

3.7.2024-yyl-2.png

တရုတ်အမျိုးသမီးကြီးတစ်ဦးဟာ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတစ်လုံးကို ဆယ်စုနှစ် ၂ခုကျော် ကြာတဲ့အထိ လက်ကိုင်တုတ်အဖြစ် အသုံးပြုခဲ့ပါတယ်။ အသက် ၉၀ အရွယ်ရှိတဲ့ တရုတ်အမျိုးသမီး ချင်ဟာ ဟူပေပြည်နယ်၊ ရှင်ယန်းမြို့က စိုက်ခင်းထဲမှာ အလုပ်လုပ်နေရင်း သစ်သားလက်ကိုင်ရိုး တပ်ထားတဲ့ သံထည်ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့တာပါ။

ချင်ကတော့ တူတစ်လက်ဖြစ်မယ်လို့ ယူဆပြီး သူ့အိမ်ကို ယူလာခဲ့ပါတယ်။ အဲဒီနောက်မှာ အခွံမာသီး ခွဲရာကအစ သံထည်တွေကို ထုရိုက်ဖို့ အဲဒီလက်ကိုင်တုတ်ကို အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ သူ့ရဲ့အိမ်အဟောင်းကို ဖြိုဖျက်ဖို့ ငှားရမ်းတဲ့ အလုပ်သမားအဖွဲ့က ဒါကို တွေ့သွားပြီး လက်ပစ်ဗုံး တစ်လုံးဖြစ်ကြောင်း ရိပ်စားမိသွားခဲ့တာပါ။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး အထူးတပ်ဖွဲ့က လာရောက်ရှင်းလင်းခဲ့ကြတာပါ။ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ Chinese Type 67 လက်ပစ်ဗုံးအမျိုးအစားဖြစ်ပြီး အမျိုးသမီးကြီးက နှစ်ရှည်လများ အသုံးပြုထားတဲ့အတွက် လက်ပစ်ဗုံးရဲ့ ထိပ်ပိုင်းဟာ ပိန်ချိုင့်နေကာ လက်ကိုင်ကလည်း သုံးပါများလို့ ချောမွေ့ပြောင်လက်နေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မှာ အမျိုးသမီးကြီး ချင်အနေနဲ့ လက်ပစ်ဗုံး မပေါက်ခဲ့လို့သာ အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

Ref: Woman Uses Hand Grenade as a Hammer for 20 Years, Lives to Tell the Tale
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top