ကမ္ဘာတစ်ပတ် လမ်းလျှောက်ထွက်ခဲ့သူ (သို့) Tom Turcich

intlfea.jpg

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်တုန်းက အမေရိကန်နိုင်ငံက အသက် (၁၇) နှစ်အရွယ်လူငယ်လေးတစ်ဦးဟာ သူ့ရဲ့အချစ်ရဆုံးသူငယ်ချင်းကို ဆုံးရံှုးသွားခဲ့ပါတယ်။ အဲဒီနောက်မှာ ကမ္ဘာလောကကြီးအပေါ် သူ့ရဲ့ရှုမြင်နားလည်ပုံတွေပြောင်းလဲလာခဲ့ပြီး သူအသက်ရှင်သန်နေစဉ်အတွင်း ထူးခြားတဲ့လုပ်ဆောင်မှုတစ်ခု လုပ်ကိုလုပ်သွားမယ်လို့ စိတ်ကူးရခဲ့ပါတယ်။

အခုအချိန်မှာတော့ အဲဒီလူငယ်လေးဟာ ခြေလျင်ခရီးနဲ့ ကမ္ဘာပတ်နေပြီဖြစ်တဲ့ အသက် (၃၀) အရွယ် တွမ် တာဆစ်ချ် (Tom Turcich) ရယ်လို့ဖြစ်လာခဲံပါပြီ။ “လူ့ဘဝဆိုတာ တဒင်္ဂလေးပါလားလို့ ရုတ်တရက်သဘောပေါက်မိလိုက်တော့ ကိုယ်ရထားတဲ့ဘဝတိုတိုလေးမှာ အမှတ်ရစရာတွေ၊ စူးစမ်းရှာဖွေမှုတွေ လုပ်ဖြစ်အောင်လုပ်သွားဖို့ ကျွန်တော်စိတ်ကူးရခဲ့တာပဲ” လို့ Tom က ပြောပြပါတယ်။

Tom က ကမ္ဘာ့တိုက်ကြီး (၇) တိုက်လုံးကို ခြေလျင်ခရီးနှင်ဖြတ်သန်းမယ့်ခရီးစဉ်အတွက် ငွေကြေးနဲ့ အခြားလိုအပ်တာတွေကို ၂၀၁၅ ခုနှစ်မတိုင်မီကတည်းက စပြီးအသင့်ပြင်ဆင်ထားခဲ့တာပါ။ အဲဒီနောက် ၂၀၁၅၊ ဧပြီလအရောက်မှာတော့ ဆိုလာပြားတပ်ဆင်ရေးသမားအလုပ်ကနေထွက်လိုက်ပြီး အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ကနေ သူ့ရဲ့ခြေလျင်ကမ္ဘာပတ်ခရီးရှည်ကြီးကို စတင်ခဲ့ပါတယ်။

Tom က နိုင်ငံပေါင်း (၂၆) နိုင်ငံကို ခရီးနှင်ဖြတ်သန်းခဲ့ပြီးဖြစ်ကာ ခရီးစဉ်တစ်လျှောက်လုံးမှာလည်း ဓာတ်ပုံတွေရိုက်ကူးပြီး သူ့ရဲ့Facebook နဲ့ Instagram မှာ အမြဲမှတ်တမ်းတင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဥရောပကနေ အာရှဆီကို ထပ်မံခရီးဆက်ဖို့အတွက် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ (Istanbul) ဆီ ရောက်နေခဲ့ပါပြီ။

Ref: CGTN “Meet the man walking across the world”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top