ထီပေါက်တာကို ဖုံးကွယ်ပြီး ခင်ပွန်းနဲ့ကွာရှင်းခဲ့တဲ့ အမျိုးသမီး ထီဆုကြေး တပြားမှ မရခဲ့

break.jpg

ဒင်းနစ်ရော့စီဆိုတဲ့ အဖြစ်ကတော့ အလိုကြီး အရနည်း စကားပုံအတိုင်းပါပဲ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ ဒင်းနစ်ရော့စီဟာ လုပ်ဖော်ကိုင်ဖက် ၅ ယောက်နဲ့အတူ ဒေါ်လာ ၆.၆ သန်းတန် ထီဆုကြီး ဆွတ်ခူးခဲ့ပြီး ဒီအကြောင်းကို ခင်ပွန်းဖြစ်သူ မသိအောင် ဖုံးကွယ်ထားခဲ့ပါတယ်။

သူဟာ နောက် ၁၁ ရက်အကြာမှာတော့ ၂၅ နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းဖြစ်သူ သောမတ်စ်နဲ့ ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ သူတို့ နှစ်ယောက် ကွာရှင်းပြတ်စဲပြီး ၃ နှစ်အကြာမှာတော့ ထီဆုကြေးငွေ တလုံးတခဲတည်း ထုတ်ပေးတဲ့ ကုမ္ပဏီကနေ (အရင် လိပ်စာအဟောင်းကို မှားပြီး) သောမတ်စ်ထံ စာတစ်စောင် ပို့ခဲ့ပါတယ်။ ဒီစာကို ဖွင့်ဖတ်ကြည့်ချိန်မှာတော့ သူ့မိန်းမက ထီဆုကြေးငွေတွေ ခွဲမပေးချင်လို့ သူနဲ့ ကွာရှင်းခဲ့တာကို သောမတ်စ်က သိသွားခဲ့ပြီး တရားစွဲဆိုခဲ့ပါတယ်။

ဒင်းနစ်ရော့စီက ကွာရှင်းခွင့် တောင်းခံချိန်မှာ ထီပေါက်တဲ့အကြောင်းကို ဖုံးကွယ်ထားတာကို လိမ်လည်ရာရောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ခင်ပွန်း(ဟောင်း) သောမတ်စ်အနေနဲ့ ထီဆုကြေးငွေအားလုံးကို ရယူစေလို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒင်းနစ်ကတော့ သူ မက်မောတဲ့ ထီဆုကြေးငွေအားလုံး ဆုံးရှုံးခဲ့ရသလို ၂၅ နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည်နဲ့လည်း လမ်းခွဲခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ ၁၉၉၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။

Ref: Woman who won $1,300,000 jackpot lost all winnings after keeping lottery win secret from husband

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top