၂၀၂၀ ပြည့်နှစ်အတွက် အမေရိကန်နိုင်ငံရဲ့ အဝဆုံးဝက်ဝံဖြစ်လာခဲ့တဲ့ 747 အမည်ရဝက်ဝံ

8-10-2020-yyl-001.jpg

အခုအချိန်အခါဟာ အလက်စကာပြည်နယ်က the Katmai National Park ရဲ့တစ်နှစ်တာအဝဆုံးဝက်ဝံရွေးချယ်တဲ့အချိန်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်များစွာက ဒီအမျိုးသားဥယျာဉ်ဟာ အရမ်းကြီးထွားပြီး ဝနေတဲ့ ဝက်ဝံ (၁၂) ကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီဝက်ဝံတွေက တစ်နှစ်တာရဲ့အဝဆုံးဝက်ဝံပြိုင်ပွဲမှာ ဝင်ပြိုင်ကြရပါတယ်။ အဝဆုံးဝက်ဝံကိုရွေးချယ်လိုက်တဲ့အခါမှာ 747 အမည်ရတဲ့ ဝက်ဝံတစ်ကောင်က အနိုင်ရရှိသွားခဲ့ပါတယ်။

747 ဝက်ဝံက Chunk လို့ နာမည်ပြောင်ရှိတဲ့ 32 အမည်ရ ဝက်ဝံကို ကျော်ဖြတ်ကာ အနိုင်ရသွားခဲ့တာပါ။ “သူက ကျွန်တော်မြင်ဖူးသမျှထဲမှာ အဝဆုံးနဲ့ အကြီးဆုံးဝက်ဝံပါပဲ။ သူလောက်ကြီးတဲ့ဝက်ဝံကို မြင်တွေ့ရတာက ထူးခြားသလို ခံစားရပါတယ်”လို့ Katmai Park ရဲ့ ဥယျာဉ်ထိန်းဟောင်း မိုက် ဖစ်ဇ် (Mike Fitz) က ဆိုပါတယ်။ 747 ဟာ သူ့ဗိုက်က ကြမ်းပြင်နဲ့ ထိနေတဲ့အထိ အစားအစာတွေ အရမ်းစားပါတယ်။ အသက်ကတော့ (၂၀) ဝန်းကျင်ရှိပြီး Brooks River ကနေ ငါးတွေကို ဖမ်းတဲ့နေရာမှာ အကောင်းဆုံးဝက်ဝံတွေထဲက တစ်ကောင်ပါ။

747 အလေးချိန်တိုးမလာခင်က အသွင်အပြင်ကို ကြည့်မယ်ဆိုရင် အခုတိရစ္ဆာန်နဲ့က အတူတူပဲလားလို့တောင် ပြောရနိုင်ပါတယ်။ ဝက်ဝံတွေက လုံလောက်တဲ့အစားအစာတွေ စားမယ်ဆိုရင် ဆောင်းရာသီအတောအတွင်း ကောင်းကောင်းအိပ်စက်နိုင်မှာပါ။ ဝက်ဝံတွေက အသက်ရှင်နေထိုင်နိုင်ဖို့အတွက် တစ်နေ့ကိ ကယ်လိုရီ (၁၀၀,၀၀၀) ကျော်စားနေရတယ်လို့ သိရပါတယ်။ ဒီပမာဏက နေ့တိုင်း ပီဇာ (၄၁) ခုစားတာနဲ့ညီမျှပါတယ်။ အရမ်းဆာလောင်နေတဲ့ဝက်ဝံတွေ စားသောက်ဖို့အတွက် Katmai National Park ရဲ့မြစ်ထဲမှာ ဆော်လမွန်ငါးတွေကို ထည့်ပေးထားပါတယ်။

747 ဝက်ဝံက ဆယ်စုနှစ်တစ်ဝက်လောက်ကတည်းက Fat Bear Week အတွက် လျာထားခံနေခဲ့ရတာပါ။ သူနဲ့ 32 ဝက်ဝံတို့ဟာ နောက်နှစ်ကျရင် အခြားဝက်ဝံတွေကို ထပ်မံယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။

Ref: Ladbible “Bear Called 747 Has Been Crowned America’s Fattest Bear For 2020”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top