၂၀၂၆ ခုနှစ်က မြင်းနှစ်ဖြစ်တဲ့အတွက် တရုတ်နိုင်ငံမှာ တရုတ်နှစ်သစ်ကူးအတွက် မြင်းရုပ်လေးတွေဖန်တီးချုပ်လုပ်ရောင်းချနေကြပါတယ်။ ထုတ်လုပ်ရေးစက်ရုံတစ်ခုကတော့ အလုပ်သမားတစ်ဦးရဲ့အမှားကြောင့် သူတို့ရဲ့မြင်းရုပ်တွေက လူသိများသွားခဲ့ပါတယ်။
မြင်းရုပ်ကို ချစ်စရာအပြုံးလေးနဲ့ ချုပ်လုပ်ဖန်တီးဖို့ ရည်ရွယ်ခဲ့ပေမဲ့ ထုတ်လုပ်ရေးအမှားကြောင့် မြင်းရုပ်ရဲ့ပါးစပ်အဖြစ် အပြုံးပုံစံကို ဇောက်ထိုးချုပ်မိလို့ စူပုတ်တဲ့ပုံစံဖြစ်သွားခဲ့ပါတယ်။ ဖောက်သည်တွေက မြင်းရုပ်ရဲ့ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီးနောက် မှားချုပ်မိတယ်ဆိုတဲ့အကြောင်းက မြန်မြန်ဆန်ဆန်ပဲ လူသိများသွားခဲ့ပါတယ်။ အဲ့ဒီမြင်းရုပ်ကို Cry Cry Horse လို့တောင် နာမည်တွင်သွားခဲ့ပါတယ်။
အဲ့ဒီအမှားနောက်ကွယ်က ထုတ်လုပ်ရေးအလုပ်သမားဟာ “ပေါင်”ဆိုသူဖြစ်ပြီး မှားချုပ်မိတဲ့မြင်းရုပ်ကို လူစိတ်ဝင်စားမှုများသွားတဲ့အတွက် သူ့အလုပ်ရှင်က ဆုချီးမြှင့်ခဲ့ပါတယ်။ သူ့ကို ၁၂ နှစ်တာ အန်ပေါင်းပေးမှာဖြစ်ပြီး ၁ နှစ်ကို ၈၈၈၈ ယွမ် (စင်ကာပူဒေါ်လာ ၁၆၀၀ကျော်) ရရှိမှာဖြစ်ပါတယ်။ ၂၀၃၈ ခုနှစ် မြင်းနှစ်အထိ ရရှိသွားမှာဖြစ်ပါတယ်။
မျှော်လင့်မထားဘဲ မြင်းရုပ်အောင်မြင်သွားတဲ့အတွက် ဝန်ထမ်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့လုံးကို ဘောနပ်ပေးသွားမှာဖြစ်တယ်လို့လည်း စက်ရုံပိုင်ရှင်က ပြောထားပါတယ်။
Ref: Worker Who Mistakenly Sewed The Viral ‘Cry-Cry Horse’ Has Been Rewarded With 12 Years Of Ang Pao
WL (ရိုးရာလေး)

