ဆော်ပေါ်လိုမြို့ ကျန်းမာရေးစနစ် ပြိုလဲလုနီးပါးဖြစ်နေတယ်လို့ မြို့တော်ဝန် ဝန်ခံ

18-5-2020-yyl-004.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေကြောင့် အရေးပေါ်ခုတင် တောင်းဆိုမှုများပြားလာရာ ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆော်ပေါ်လိုမြို့မှာ ကျန်းမာရေးစနစ် လဲပြိုလုနီးပါးဖြစ်နေတယ်လို့ မြို့တော်ဝန် ဘရူနိုကိုဗက်စ်က ပြောပါတယ်။ ဆော်ပေါ်လိုမြို့ ပြည်သူ့ဆေးရုံတွေမှာ လူနာလက်ခံနိုင်စွမ်းရဲ့ ၉၀ ရာခိုင်နှုန်းအထိ ရှိနေပြီး လာမယ့် ၂ ပတ်အတွင်း နေရာလွတ်မရှိအောင် ဖြစ်လာလိမ့်မယ်လို့ ကိုဗက်စ်က ဆိုပါတယ်။

ဆော်ပေါ်လိုမြို့ဟာ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ မြို့တစ်မြို့ဖြစ်ပြီး သေဆုံးသူ ၃၀၀၀ နီးပါး ရှိနေပါတယ်။ ဘရာဇီးနိုင်ငံဟာ ပြီးခဲ့တဲ့ စနေနေ့မှာ စပိန်၊ အီတလီနိုင်ငံတွေကို ကျော်ဖြတ်ပြီး ရောဂါပိုးကူးစက်ခံရသူ အများဆုံးစာရင်းမှာ အဆင့် ၄ နေရာ ရောက်ရှိလာခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄၁၀၀၀ ရှိနေပြီး ၁၆၁၁၈ ယောက် သေဆုံးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ ရောဂါစစ်ဆေးမှု နည်းပါးတဲ့အတွက် အမှန်တကယ် ရောဂါကူးစက်ခံရသူ ပမာဏက တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေထက် ပိုများနိုင်တယ်လို့ ဘရာဇီးနိုင်ငံ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာတဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းမှုပုံစံနဲ့ပတ်သက်ပြီး ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top