နေ့တိုင်းမြေအောက်ရထားဘူတာကိုလာပြီး ဆန်းဝှစ်လာတောင်းလေ့ရှိတဲ့ လေလွင့်ခွေးလေး

yyl-013-9.jpg

မြို့လမ်းမထက်တွေမှာလေလွင့်ခွေးလေးတွေကို မြင်ရတာ အရမ်းစိတ်မကောင်းဖြစ်ဖို့ကောင်းပါတယ်။ တချို့လူတွေကတော့ သူတို့ကိုသတိထားမိချင်မှ သတိထားမှာပါ။ တချို့က အဲဒီခွေးလေးတွေကိုတစ်ခုခုလုပ်ပေးရမှ ကျေနပ်တတ်ကြပါတယ်။ အဲဒီလူတွေထဲမှာနယူးမက္ကဆီကိုရဲ့မြေအောက်ရထားဘူတာက ဝန်ထမ်းတစ်ယောက်လည်း အပါအဝင်ပါပဲ။ အဲဒီဝန်ထမ်းKxnuko က လေလွင့်ခွေးလေးကို မြင်တာတောင် မမြင်ချင်ယောင်မဆောင်ခဲ့ဘဲ အဲဒီခွေးလေး ရောက်လာကတည်းက စပြီး ညတိုင်းအစာကျွေးခဲ့ပါတယ်။ အခုဆိုရင် အဲဒီခွေးလေးက အစာစားဖို့အတွက် မြေအောက်ရထားဘူတာကို လာတာ ပုံမှန်လိုဖြစ်နေပါပြီ။

အဲဒီလေလွင့်ခွေးလေးက ညတိုင်း မြေအေအာက်ရထားဘူတာကို လာပြီး သူ့ရဲ့အထူးညစာဆန်းဝှစ်အတွက် ကိုယ်ထင်လာပြလေ့ရှိပါတယ်။ သူ့အတွက် ထာဝရနေထိုင်နိုင်မယ့် နားခိုရာလေး မပေးနိုင်ပေမယ့် သူတို့ကူညီပေးနိုင်သတွေက် ထာလာက် ကူညီပေးခဲ့ပါတယ်။ (၁) နှစ်လုံးလုံး တစ်ရက်ကလေးမှ မပျက်ခဲ့ပါဘူး။ ဒါကြောင့်ပဲ သူ့ကို “Subway Sally” ဆိုတဲ့ ချစ်စရာကောင်းတဲ့နာမည်လေးတောင် ရနေပါပြီ။

Kxnuko နဲ့ အခြားဝန်ထမ်းတွေက ခွေးလေးကို အကောင်းဆုံးဂရုစိုက်ပေးနေကြပေမယ့် သူ့အတွက် နားခိုရာအိမ်လေးတော့မပေးနိုင်ခဲ့ပါဘူး။ မြေအောက်ရထားဘူတာဝန်ထမ်းတွေက သူ့အတွက် အစာကျွေးဖို့ ဘယ်တော့မှ မငြင်းခဲ့ပေမယ့် သူ့ကိုအစာကျွေးဖို့ကြာနေရင် ခွေးလေးက အခြားစားသောက်ဆိုင်တွေဆီ သွားလေ့ရှိပါတယ်။ ခွေးလေး အစာလာတောင်းတာကို Kxnukoက TikTok ဗီဒီယိုရိုက်လိုက်တဲ့အခါမှာ လူမှုကွန်ယက်အကောင့်အသုံးပြုသူတွေသိသွားခဲ့ပါတော့တယ်။ လူတွေကလည်း ချက်ချင်းပဲ အဲဒီခွေးလေးကို ချစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ တချို့လူတွေက အဲဒီဗီဒီယိုကိုကြည့်ပြီး Sally က လေ့လွင့်ခွေးမဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။ သူက အရမ်းသန့်ရှင်းပြီး နေရာအနှံ့လျှောက်သွားနေတဲ့ မျိုးကောင်းခွေးလေးဖြစ်နိုင်တယ်လို့ ခန့်မှန်းလို့နေပါတယ်။ Kxnuko က အဲဒီလူတွေရဲ့ပြောဆိုချက်တွေကို ငြင်းဆိုခဲ့ပြီး ဒေသတွင်းအဖွဲ့အစည်းက သူ့ကို စောင့်ရှောက်ထားပေမယ့်လည်း နယူးမက္ကဆီကိုလမ်းမထက်မှာ Sallyရဲ့ဘဝက ခက်ခဲနေတုန်းပါပဲ။ Kxnuko မြေအောက်ရထားဘူတာမှာ အလုပ်စလုပ်ကတည်းက Sally ကို အမှိုက်သရိုက်တွေနဲ့ ညစ်ပတ်နေတာကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ဖူးတယ်လို့ ပြောပြီး ရှင်းပြခဲ့ပါတယ်။ အဲဒါကို သိရှိသွားခဲ့ပြီးတဲ့နောက်မှာ လူူတွေက သူ့အတွက် နားခိုရာအိမ်လေးပိုင်ဆိုင်ဖို့အတွက် ထောက်ပံ့ပေးနိုင်တယ်လို့ ပြောခဲ့တဲ့အပြင် Sally ကို ဂရုစိုက်ပေးတဲ့ သူ့ကိုလည်း ကျေးဇူးတင်ခဲ့ကြပါတယ်။

https://twitter.com/wydsimp/status/1214252146486591488

Ref: Stray Dog Visits Subway Every Day For A Free Sandwich
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top