နယူးဇီလန်လေကြောင်းလိုင်းက ဝါးစားလို့ရတဲ့ ကော်ဖီခွက်ကို စမ်းသပ်အသုံးပြု

yyl-026-6.jpg

လေယာဉ်ပေါ်က စွန့်ပစ်အမှိုက်ပမာဏကို လျှော့ချဖို့အတွက် သူတို့လေကြောင်းလိုင်းရဲ့ လေယာဉ်တွေပေါ်မှာ ဝါးစားလို့ရတဲ့ ကော်ဖီခွက်ကို စမ်းသပ်အသုံးပြုနေတယ်လို့ နယူးဇီလန်လေကြောင်းလိုင်းက ပြောပါတယ်။ နယူးဇီလန်နိုင်ငံအခြေစိုက် Twiice ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲဒီခွက်တွေဟာ ဗနီလာအရသာ ဘီစကွတ်ချပ်တွေနဲ့ လုပ်ထားတာဖြစ်ပြီး အရည်စိမ့်ထွက်မှု မရှိဘူးလို့ အာမခံနိုင်စွမ်းရှိပါတယ်။

နယူးဇီလန်လေကြောင်းလိုင်းဟာ တစ်နှစ်ကို ကော်ဖီခွက် ၈ သန်းကျော် တည်ခင်းဧည့်ခံနေလို့ စွန့်ပစ်အမှိုက် လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အခုလို လုပ်ဆောင်ခဲ့တာပါ။ နယူးဇီလန်လေကြောင်းလိုင်းဟာ သိပ်မကြာသေးခင်က စက္ကူနဲ့ ပြောင်းဖူးကို အသုံးပြုထုတ်လုပ်ပြီး ဆွေးမြေ့ပျက်စီးနိုင်တဲ့ ခွက်တွေကို လေယာဉ်တွေနဲ့ ဧည့်ခန်းဆောင်တွေမှာ စမ်းသပ်အသုံးပြုခဲ့ပါသေးတယ်။ ဗြိတိန်နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း လွှင့်ပစ်နေရတဲ့ ကော်ဖီခွက်ပမာဏ ၂.၅ ဘီလျံရှိပြီး ကော်ဖီခွက် ၀.၂၅ ရာခိုင်နှုန်းကိုပဲ ပြန်အသုံးပြုလျက်ရှိပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ကူညီချင်ရင် ကော်ဖီခွက် အပြောင်းအလဲလုပ်တာထက် ပိုထိရောက်တဲ့ ပြောင်းလဲမှုမျိုး လုပ်ရမယ်လို့ လူမှုကွန်ရက် အသုံးပြုသူတွေက ဆိုပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top