တောင်ကိုရီးယားမှာ လည်ပတ်နေပြီဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး အိမ်ရာ

22.7.2024-yyl-2.png

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့မှာ တည်ဆောက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး အိမ်ရာ(Yuldong-With-U)မှာတော့ လူတွေ နေထိုင်နေပါပြီ။ အခန်းပေါင်း ၄၃၇ ခန်းပါတဲ့ အိမ်ရာတစ်ခုလုံးရဲ့ မီးသုံးစွဲမှုကို ဟိုက်ဒရိုဂျင်စွမ်းအင်နဲ့ပဲ ရာနှုန်းပြည့် ပေးအပ်ထားတာပါ။

Yuldong-With-U အိမ်ရာကို လည်ပတ်နေတာ တစ်လကြာမြင့်ပါပြီ။ ပြီးခဲ့တဲ့ဇွန်လအတွင်း တစ်နာရီကို ၈၄၀ မဂ္ဂါဝပ်နှုန်း (840 MWh) စွမ်းအင် ထုတ်လုပ်ခဲ့ပြီး ပုံမှန်အားဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုမယ်ဆိုရင် မီတာခ ဝမ်သန်း ၁၅၀ ကျသင့်မှာ ဖြစ်ပါတယ်။ Yuldong-With-U အိမ်ရာမှာတော့ ဟိုက်ဒရိုဂျင်စွမ်းအင် အဖိုးနှုန်းထားကို သတ်မှတ်ခြင်း မရှိသေးပါဘူး။ မကြာခင် ဈေးသတ်မှတ်မယ်လို့ ဆိုပါတယ်။

အိမ်ရာနားတစ်ဝိုက်မှာရှိတဲ့ စက်ရုံတွေကနေ ၁၀ ကီလိုမီတာ ရှည်လျားတဲ့ ပိုက်လိုင်းတွေ အသုံးပြုပြီး ဟိုက်ဒရိုဂျင် သွယ်တန်းရယူထားတာပါ။ ကွန်တိန်နာတစ်လုံးစာ အရွယ်အစားရှိတဲ့ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ၃ ခုကို အိမ်ရာခေါင်မိုးပေါ်မှာ တပ်ဆင်ထားပြီး ဟိုက်ဒရိုဂျင် ၅၁ ကီလိုဂရမ်ကနေ တစ်နာရီမှာ စွမ်းအင် ၁.၃၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ဒီပမာဏဟာ မိသားစု ၄ ယောက်နေတဲ့ အိမ်ထောင်စုကို တစ်လလုံးလုံး ၂၄ နာရီမပြတ် စွမ်းအင်ပေးနိုင်စွမ်း ရှိပါတယ်။

ဟိုက်ဒရိုဂျင်စွမ်းအင်ကို အသုံးပြုထားတာဖြစ်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချပေးနိုင်မှာပါ။

Ref: World’s first hydrogen fuel cell-powered apartment unveiled in South Korea
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top