ပရဟိတအဖွဲ့အစည်းကြောင့် တေလာဆွစ်ဖ်ဖျော်ဖြေပွဲကို ကြည့်ခွင့်ရမယ့် ကင်ဆာရောဂါသည်ဆယ်ကျော်သက်

6.3.24-yyl-3.jpg

တေလာဆွစ်ဖ်ရဲ့ပရိသတ်တွေထဲက ကင်ဆာရောဂါသည်ဆယ်ကျော်သက်ကောင်မလေးက ပရဟိတအဖွဲ့အစည်းရဲ့ပံ့ပိုးကူညီပေးမှုကြောင့် တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲကို ထိတွေ့ခွင့်ရတော့မှာပါ။ အသက် ၁၃ နှစ်အရွယ်ဂျွိုင်းဆင်မ်က ၂၀၂၃ ခုနှစ်အောက်တိုဘာလမှာ ကြွက်သားကင်ဆာကို ခံစားခဲ့ရတာပါ။

စင်ကာပူနိုင်ငံ၊ ဒေသတွင်းပရဟိတအဖွဲ့အစည်း Viva Foundation for Children with Cancer နဲ့ Aupen အိတ်ကုမ္ပဏီတို့ရဲ့ပံ့ပိုးကူညီမှုနဲ့ ဂျွိုင်းဟာ မတ်လ ၇ ရက်နေ့မှာပြုလုပ်မယ့် တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲကို စင်ကာပူဒေါ်လာ ၃၀၀၀၀ တန်သီးသန့်နေရာကနေ ကြည့်ရမှာဖြစ်ပါတယ်။

အဲ့ဒီပရဟိတအဖွဲ့အစည်းက ဂျွိုင်းအပြင် အသက် ၉ နှစ်အရွယ် ကင်ဆာရောဂါသည် ကိုင်ရာ ချီယာကိုလည်း ဖျော်ဖြေပွဲတက်နိုင်အောင် စီစဉ်ပေးထားပြီးသားဖြစ်ပါတယ်။ ဂျွိုင်းကြည့်ရမယ့်ရက်နဲ့အတူတူပါပဲ။

တေလာဆွစ်ဖ်ဟာ သူ့ဘဝတစ်လျှောက်မှာ တကယ်ကိုအထောက်ပံ့ကောင်းတစ်ခုဖြစ်ခဲ့တယ်လို့ ဂျွိုင်းက ဆိုပါတယ်။ “သမီး…တေလာဆွစ်ဖ်ကို ချစ်တယ်၊ ဒါက လက်တွေ့ဘဝမှာ သူ့ကို တွေ့ရဖို့ တစ်ခုတည်းသောအခွင့်အရေးဖြစ်နိုင်ပါတယ်”တဲ့။ Aupen and Viva Foundation က ဂျွိုင်းကို သူ့ဖခင်နဲ့အတူ ဖျော်ဖြေပွဲတက်ရောက်ဖို့ လက်မှတ်တွေ ရယူပေးနိုင်ခဲ့တာပါ။

ဖျော်ဖြေပွဲသွားမယ့်နေ့မှာ ဂျွိုင်းဟာ အရေးကြီးတဲ့ဓာတုကုထုံးကုသမှုခံယူဖို့ရှိပါတယ်။ အဲ့ဒါပြီးတာနဲ့ KK Women’s and Children’s Hospital က ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့အတူ ချက်ချင်း သွားရောက်ရမှာဖြစ်ပါတယ်။ ဂျွိုင်းနဲ့ ကိုင်ရာတို့က တေလာဆွစ်ဖ်ရဲ့ အနက်ရောင်ဦးထုပ်ကို လက်ခံရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။ တေလာဆွစ်ဖ်က 22 သီချင်းဖျော်ဖြေတဲ့အချိန်တိုင်း ပရိသတ်ထဲက ကံထူးရှင်တစ်ဦးကို အနက်ရောက်ဦးထုပ်တစ်လုံး လက်ဆောင်ပေးလေ့ရှိပါတယ်။

Ref: S’pore teen with muscle cancer to attend Taylor Swift concert thanks to local charity & bag brand

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top