ဧရာမပေါက်ကွဲမှုကို ဒေါသထွက်နေသူတွေက ဘေရွတ်မြို့မှာ ဆန္ဒပြ

7-8-2020-yyl-008.jpg

ပြီးခဲ့တဲ့အင်္ဂါနေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ လွှတ်တော်နားက ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကို လုံခြုံရေးအရာရှိတွေက မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက မလုံမခြုံသိုလှောင်ထားတဲ့ အမိုးနီးယန်းနိုက်ထရိတ် ၂၇၅၀ တန်ကြောင့် ပြီးခဲ့တဲ့အင်္ဂါနေ့က ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ပွားခဲ့တာကို ဒေသခံတွေ ဒေါသထွက်ခဲ့ကြပါတယ်။ အနည်းဆုံး လူ ၁၃၇ ယောက် သေဆုံးခဲ့ပြီး လူ ၅၀၀၀ လောက် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုဟာ အစိုးရရဲ့ပေါ့ဆမှုကြောင့် ဖြစ်ရတာလို့ လက်ဘနွန်နိုင်ငံသား တော်တော်များများက ဆိုကြပါတယ်။

ဧရာမပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့မှာရှိတဲ့ ခရိုင်အားလုံး ပျက်စီးခဲ့ပြီး နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေလည်း ပြာပုံဘ၀ ရောက်ခဲ့ပါတယ်။ အခုချိန်အထိ ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာကို ရှာမတွေ့သေးပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် လူ ၁၆ ယောက်ကို ထိန်းသိမ်းထားတယ်လို့ လက်ဘနွန်နိုင်ငံ အစိုးရအေဂျင်စီက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်မှာ လက်ဘနွန်လွှတ်တော်အမတ် ဟာမာဒါနဲ့ ဂျော်ဒန်နိုင်ငံဆိုင်ရာ လက်ဘနွန်သံအမတ် ချာမွန်တို့ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ဖို့ လိုပြီဆိုတာကို အခုလိုဘေးအန္တရာယ် ကြုံတွေ့တဲ့ဖြစ်ရပ်က သက်သေပြနေတယ်လို့ ချာမွန်က ဆိုပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘေရွတ်မြို့ကို လာရောက်ခဲ့တဲ့ ပြင်သစ်သမ္မတ မက်ခရွန်က အာဏာပိုင်တွေအနေနဲ့ အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဖို့လိုအပ်ပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top