ကမ္ဘာ့အကြီးဆုံးသင်္ချိုင်းမြေ

24.10.2024-yyl-6.jpg

TOPSHOT - An aerial view shows the Wadi al-Salam ("Valley of Peace") cemetery in the holy city of Najaf as Muslims celebrate Eid al-Adha festival on July 21, 2021. (Photo by Ali NAJAFI / AFP) (Photo by ALI NAJAFI/AFP via Getty Images)

ကမ္ဘာ့အကြီးဆုံးသင်္ချိုင်းမြေကတော့ အီရတ်နိုင်ငံ၊ နာဂျဖ်မြို့မှာရှိတဲ့ Wadi al-Salam ဆိုတဲ့ သုသာန်ပါပဲ။ ဒီကျယ်ပြောလှတဲ့ သင်္ချိုင်းက ဧရိယာ ၉.၁၇ ကီလိုမီတာ (၃.၅၄ စတုရန်းမိုင်) ကျယ်ဝန်းပြီး သန်းပေါင်းများစွာသော လူ့အကြွင်းအကျန်တွေ ရှိနေပါတယ်။ ဒီသင်္ချိုင်းကို ခုနှစ်ရာစုကတည်းက စဉ်ဆက်မပြတ် အသုံးပြုလာခဲ့တာပါ။

အီရတ်နဲ့ အီရန်နိုင်ငံတစ်ဝှမ်းက အရှီအာမွတ်စလင်တွေက အီမာမ်အလီဗလီမှာ ဈာပနဆုတောင်းမှုတွေနဲ့ Wadi al-Salam မှာ မြုပ်နှံဖို့ ရွေးချယ်ခဲ့ကြပါတယ်။

Wadi al-Salam မှာ မြှုပ်နှံတာက အများအားဖြင့် သောင်းနဲ့ချီတဲ့ ဂူဗိမာန်တွေထဲက တစ်ခုမှာ မြှုပ်နှံတာလို့ ဆိုလိုကြပါတယ်။ တချို့ဆို အကြွင်းအကျန်ပေါင်း ၅၀ လောက်အထိ ထားရှိနိုင်ပါတယ်။ အီရတ်စစ်ပွဲအတွင်းတုန်းက သင်္ချိုင်းမှာ နေ့စဉ် ရုပ်အလောင်း ၂၅၀ လောက် မြှုပ်နှံခဲ့ရတယ်လို့ သိရပါတယ်။

သင်္ချိုင်းရဲ့အမည်က ငြိမ်းချမ်းရေးချိုင့်ဝှမ်းလို့ အဓိပ္ပာယ်ရပေမဲ့ သင်္ချိုင်းရဲ့မကြာသေးခင်ကသမိုင်းကြောင်းက ငြိမ်းချမ်းမှုနဲ့ ဝေးကွာလှပါတယ်။ သင်္ချိုင်းဂူတွေနဲ့ ဂူဗိမာန်တွေရဲ့ထူထပ်ပြီး အောက်ခြေမှာရှိတဲ့ catacombs တွေက လက်နက်ကိုင်းသောင်းကျန်းသူတွေ ပုန်းအောင်းဖို့ အကောင်းဆုံးနေရာဖြစ်လာစေခဲ့ပါတယ်။ ဆက်ဒမ်ဟူစိန်ကို ဆန့်ကျင်တဲ့ ရှီအာအုံကြွမှုအတွင်းနဲ့ နောက်ပိုင်း အမေရိကန်စစ်တပ်သိမ်းပိုက်မှုကို ဆန့်ကျင်ရာမှာ အသုံးပြုခဲ့ပါတယ်။ ရှီအာဘာသာရေးဆရာ Muqtada al-Sadr ကွပ်ကဲတဲ့ Mahdi တပ်ဖွဲ့နဲ့ အမေရိကန်စစ်တပ်တွေကြား ၂၀၀၄ ခုနှစ် ပဋိပက္ခအတွင်း အဲ့ဒီသင်္ချိုင်းက မကြာခဏ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားရာနေရာဖြစ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သင်္ချိုင်းအများအပြားပျက်စီးခဲ့ရပါတယ်။

Ref: Worlds largest cemetery is located in Iraq

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top