ကောလိပ် (၁၈) ခုကနေ ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ (၁) သန်းကျော် ချီးမြှင့်ခံခဲ့ရတဲ့ ဆယ်ကျော်သက်

Shanya-Robinson-Owens-teen-million-web-1-700x420-1.jpg

ပင်ဆယ်ဗေးနီးယားပြည်နယ်က ကောလိပ် (၂၀) ကျော်မှာ ဝင်ခွင့်လျှောက်ထားခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ ပညာသင်ထောက်ပံ့ကြေးအနေနဲ့ ကန်ဒေါ်လာ (၁) သန်းကျော် ချီးမြှင့်ခံခဲ့ရပါတယ်။ အဲဒီဆယ်ကျော်သက်ကောင်မလေးက ရှန်ရာ ရောဘင်ဆန် အိုဝမ် (Shanya Robinson Owens) ဆိုသူဖြစ်ပြီး ကောလိပ်ကျောင်း (၁၈) ခုမှာ ဝင်ခွင့်အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူက စက်မှုနဲ့သိပ္ပံပညာရပ်ဆိုင်ရာ George Washington Carver High School မှာ တက်ရောက်နေပါတယ်။

ရှန်ရာဟာ အမြဲတမ်း A အဆင့်ကျောင်းသူတစ်ယောက်ဖြစ်တယ်လို့ သူ့အန်တီ ခရစ်စတင်း အိုဝမ် (Christine Owens) က ဆိုပါတယ်။ ကောလိပ် ၁၈ ခုကနေ ပညာသင်ထောက်ပံ့ကြေး အားလုံးစုစုပေါင်း ဒေါ်လာ ၁၀၇၄၂၆၀ ရရှိခဲ့တဲ့အတွက် ရှန်ရာတို့ အရမ်းပျော်ရွှင်နေကြပါတယ်။ ကောလိပ်ဝင်ခွင့်လျှောက်ထားတဲ့အခါ ရှန်ရာ အခက်အခဲမရှိဘူးဆိုတာသိပေမဲ့ ပညာသင်ထောက်ပံ့ကြေးကို အဲဒီလောက်အများကြီးရရှိခဲ့မယ်လို့ မထင်ခဲ့ကြောင်း ခရစ်စတင်းက ဆိုပါတယ်။

ရှန်ရာကို အခြားကောလိပ်တွေထဲကမှ Moravian College၊ La Salle University၊ Lincoln University၊ Temple University၊ Cabrini University တို့က ဝင်ခွင့်လက်ခံခဲ့တာပါ။ လက်ရှိမှာ ရှန်ရာက ပျမ်းမျှ Grade Point ၃.၂ ရှိပါတယ်။ ကျောင်းမှာ သူ့အကြိုက်ဆုံးဘာသာရပ်က ဓာတုဗေဒဘာသာရပ်ဖြစ်ပြီး ဂျာနယ်လစ်အတန်းနဲ့ Yearbook ကော်မတီတို့မှာလည်း ပါဝင်ထားပါတယ်။ ရှန်ရာက တရုတ်ဘာသာစကားဆရာမအနေနဲ့ အလုပ်သင်လုပ်နေပါတယ်။ အနာဂတ်မှာလည်း တရုတ်ဘာသာစကားကို ဆက်လက်လေ့လာနိုင်ဖို့ မျှော်လင့်နေတယ်လို့ ရှန်ရာက ဆိုပါတယ်။

ကျောင်းစာမလေ့လာဖြစ်တဲ့အချိန်ဆိုရင် ရှန်ရာက စာရေးရတာနဲ့ သီချင်းနားထောင်ရတယ်ကို ကြိုက်ပါတယ်။ ကျောင်းသူကျောင်းသားတွေကို ရှန်ရာ အကြံပြုထားတာကတော့ သင့်အလုပ်အတွက် အချိန်ပေးပါ။ အထူးသဖြင့် ကပ်ရောဂါအတွင်း လေ့လာသင်ယူရင်းနဲ့။ မိမိကိုယ့်ကိုယ်ကိုယ် ခန့်မှန်းဖို့ မကြိုးစားပါနဲ့ဆိုတာပါပဲ။ “သင်ဟာ တကယ်ကို စိတ်ရှည်ရပါမယ်။ အာရုံစူးစိုက်ပါ။ အနားပေးဖို့ အချိန်အနည်းငယ်လိုအပ်ရင်လည်း အဆင်ပြေပါတယ်။ သင် ဘယ်လောက်စိတ်ဖိစီးမလဲဆိုတာ ဆရာဆရာမတွေ သိတဲ့အတွက် သူတို့ကို ပြောပြလို့ရပါတယ်”လို့ ရှန်ရာက ဆိုပါတယ်။

ရှန်ရာက ဇွန်လမှာ အထက်တန်းကျောင်းကနေ ဘွဲ့ရရှိမှာဖြစ်ပြီး ဘယ်ကောလိပ်မှာ တက်ရမလဲဆိုတာ စဉ်းစားဆုံးဖြတ်နေတုန်းပါပဲ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top