အင်ဒိုနီးရှားမှာ အင်အားပြင်း ငလျင် လှုပ်၊ သေဆုံးသူဦးရေ ၁၆ ဦးထိ မြင့်တက်လာ

1amarnathyatra-pti-new-1532929812.jpg

အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင်၂၉ရက်နေ့က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရာ သေဆုံးသူဦးရေ မြင့်တက်လာခဲ့ပြီး အနည်းဆုံး ၁၆ ဦး သေဆုံးသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင် ဟာ အင်ဒိုနီးရှား နိုင်ငံရှိ လွန်ဘော့မြို့မှာ လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါမြို့ဟာ ခရီးသွားဧည့်သည့်တွေကို ဆွဲဆောင်မှုရှိတဲ့မြို့လည်း ဖြစ်ပါတယ်။ ငလျင် လှုပ်ခတ်မှုကြောင့် လူ ၁၆၀ ကျော်ဒဏ်ရာရခဲ့ပြီး အိမ်ထောင်ချီ ပျက်စီးခဲ့ရတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ငလျင်ကြီး လှုပ်ခတ်မှုနဲ့အတူ နောက်ဆက်တွဲ ငလျင်ငယ်တွေပါ လှုပ်ခဲ့ပြီး ငလျင်ငယ်ပေါင်း ၆၀ ကျော် ထပ်မံ လှုပ်ခတ်မှုရှိတွေ ရှိခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘူမိဗေဒဌာနက ပြောပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လွန်ဘောမြို့ကတောင်မှာ ခြေလျင် တောင်တက် သမား ၂၀၀ ကျော်ပိတ်မိနေဆဲဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမား ရာနဲ့ချီပြီး ရင်ဂျာနီတောင်မှာ ရှာဖွေကယ်တင်မှုတွေ လုပ်နေကြပါတယ်။ ငလျင်ကြောင့် လမ်းတွေလည်း ပျက်စီးခဲ့ပြီး ရဟတ်ယာဉ်တွေ၊ အသုံးပြုကာ ပိတ်မိနေတဲ့ တောင်တက်သမားတွေ ရှာဖွေနေရပါတယ်။

မလေးရှား၊ ပြင်သစ်၊ နယ်သာလန်၊ ထိုင်းနိုင်ငံတွေက တောင်တက်သမားတွေ ပိတ်မိနေတာဖြစ်ပြီး ကယ်တင်မယ့်သူကို စောင့်ဆိုင်းနေကြရပါတယ်။ အင်ဒိုနီးရှား အာဏာပိုင်တွေရဲ့အဆိုအရ တောင်ပေါ်မှာ လူပေါင်း ၂၆၆ ဦး ပိတ်မိနေပြီး လက်ရှိမှာ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေနေတယ်လို့ ပြောပါတယ်။

Ref: BBC Lombok earthquake: Hikers trapped on a mountain after landslides

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top