ရှေ့နေမငှားတော့ဘဲ ကိုယ်တိုင်အမှုရင်ဆိုင်သွားမယ်လို့ဆိုလိုက်တဲ့ ခရစ္စချာ့ချ်အကြမ်းဖက်မှုက သေနတ်သမား

11116952-6820395-image-a-10_1552866446277.jpg

ခရစ္စချာ့ချ်မြို့ဗလီကျောင်းနှစ်ခုအတွင်း လူ (၅၀) ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အသက် (၂၈) အရွယ် သေနတ်သမား ဘရန်တန် တာရန့် (Brenton Tarrant) က စနေနေ့မှာ ပထမဆုံးအကြိမ် တရားရုံးမှာထွက်ဆိုမှုပြုလုပ်ပြီးတဲ့နောက် သူ့ရဲ့ရှေ့နေကို ဆက်ပြီးမလိုအပ်တော့ဘဲ သူ့ဘာသာရင်ဆိုင်ထွက်ဆိုမယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် သူကိုယ်တိုင်ထွက်ဆိုမှုပြုတဲ့အခါ တရားခွင်ကနေတစ်ဆင့် သူ့ရဲ့ အမုန်းစကားတွေကို ပျံ့နှံ့စေမလားဆိုတဲ့အပေါ်လည်း လူတွေက စိတ်ဝင်တစားစောင့်ကြည့်လာကြပါပြီ။

သူ့ရဲ့ ဆုံးဖြတ်ချက်က ထူးဆန်းနေပေမဲ့ တာရန့်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကတော့ ပုံမှန်အခြေအနေပဲဖြစ်ပြီး သူကိုယ်တိုင်ထွက်ဆိုတာက ပိုကောင်းတယ်လို့ ယူဆထားပုံရပါတယ်။ လက်ရှိမှာ တာရန့်ကို လူသတ်မှုအတွက် စွဲချက်တင်ထားရပြီး နောက်ထက်စွဲချက်တွေကို ဆက်လက်ရင်ဆိုင်သွားရဖွယ် ရှိနေပါသေးတယ်။ သူ့တစ်သက်တာလုံးကို သံတိုင်တွေရဲ့ နောက်မှာပဲ ကုန်လွန်သွားရဖို့ကတော့ သေချာသလောက်ဖြစ်နေပါပြီ။

သူ့ကို ထိန်းသိမ်းထားရာမှာလည်း တခြားအကျဉ်းသားတွေနဲ့ ရောနှောမထားဘဲ လုံခြုံရေးတင်းကြပ်ထားတဲ့နေရာတစ်ခုမှာ သီးခြားထားရှိတယ်လို့ သိရပါတယ်

သူ့ကို ထိန်းသိမ်းထားရာမှာလည်း တခြားအကျဉ်းသားတွေနဲ့ ရောနှောမထားဘဲ လုံခြုံရေးတင်းကြပ်ထားတဲ့နေရာတစ်ခုမှာ သီးခြားထားရှိတယ်လို့ သိရပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဝန်ကြီးချုပ်အနေနဲ့ တာရန့်ကို ပြည်နှင်ဒဏ်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ တာရန့်ကို ပြည်နှင်ဒဏ်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်

တာရန့်ဟာ သြစတေးလျမှာ မွေးဖွားခဲ့ကြီးပြင်းခဲ့သူဖြစ်ကာ သောကြာနေ့က သူလုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ချိန်ထိအောင် နယူးဇီလန်နိုင်ငံ Dunedin မှာနေထိုင်ခဲ့သူ ဖြစ်ပါတယ်။

တာရန့်ဟာ Dunedin က ဗလီတွေမှာ တိုက်ခိုက်ဖို့ ကနဦးပစ်မှတ်ထားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဝတ်ပြုသူပိုများတဲ့ ခရစ္စချာ့ချ်မြို့က Al Noo ဗလီနဲ့ Masjid ဗလီတွေကို ရွေးချယ်တိုက်ခိုက်ခဲ့တာပါ။

ကျွန်တော်မှန်းထားတဲ့အိုင်းအတာအထိရောက် မရောက်တော့ ဒီစာကိုရေးနေချိန်အထိမသေချာသေးပါဘူး…မရောက်ခဲ့ရင်လည်း ဒါကို အပိုဆုလို့ သဘောထားပါတယ် လို့ တာရန့်ကရေးသားခဲ့ပါသေးတယ်။ (တာရန့်ဟာ လူမည်းမုန်းတီးရေးအစွန်းရောက်ဝါဒီတစ်ဦးဖြစ်ပြီး နယူးဇီလန်မြေမှာ ဒီလူတွေမရှိတော့အောင် ရည်ရွယ်ပြီး အခုလိုအကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်)

Ref: Dailymail “Mosque shooter SACKS his lawyer and plans to represent himself in court “
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top