ဝံပုလွေနဲ့ မျိုးစပ်ထားတဲ့ ရှားပါးခွေးတစ်ကောင်ကို ကမ္ဘာ့စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၅.၈၁ သန်းပေးပြီး အိန္ဒိယနိုင်ငံသားတစ်ဦး ဝယ်ယူ

ဝံပုလွေခွေး.jpg

ဝံပုလွေနဲ့ ကော့ကေးဆပ်သိုးထိန်းခွေး စပ်ထားတဲ့ ခွေးမျိုးစိတ်တစ်ကောင်ကို အိန္ဒိယနိုင်ငံမှ ခွေးသားဖောက်သူတစ်ဦးက ရူပီးသန်း ၅၀၀ ( အမေရိကန်ဒေါ်လာ ၅.၈၁ သန်း)နဲ့ ဝယ်ယူခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ သားဖောက်ထားတဲ့ ကာဒါဘွန်းအိုကာမီ အမည်ရခွေးလေးဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ခွေးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အိုကာမီဟာ ၈ လသားအရွယ်ပဲ ရှိသေးပေမဲ့ ခန္ဓာကိုယ်အလေးချိန် ၇၅ ကီလိုဂရမ်ရှိပြီး လက်မ ၃၀ မြင့်မားတာကြောင့် အလွန်ထွားကျိုင်းတဲ့ ခွေးတစ်ကောင်ဖြစ်ပြီး အလွန်ရှားပါးတဲ့ မျိုးစိတ်လည်း ဖြစ်ပါတယ်။ အိုကာမီကို စံချိန်တင်ဈေးနှုန်းနဲ့ ဝယ်ယူခဲ့သူကတော့ အိန္ဒိယနိုင်ငံ ခွေးသားဖောက်သူများအစည်းအရုံး ဥက္ကဋ္ဌ ဆာတစ်ပါပဲ။ ကမ္ဘာ့အရှားပါးဆုံး ခွေးမျိုးစိတ်အပါအဝင် ခွေးမျိုးစိတ်ပေါင်း ၁၅၀ ကျော်ကို ဆာတစ်က ဝယ်ယူခဲ့ပါတယ်။

” အိုကာမီက အလွန်ရှားပါးတဲ့ ခွေးမျိုးစိတ်ပါ။ ဝံပုလွေတစ်ကောင်နဲ့ တော်တော်တူပါတယ်။ ဒီလိုမျိုးစိတ်ကို အရင်တုန်းက မရောင်းခဲ့ဖူးပါဘူး။ ရှားလွန်းလို့လည်း ဒီလောက် ငွေအများကြီး ပေးဝယ်တာပါ။ လူတွေက ကျွန်တော့် ခွေးတွေကို အခကြေးငွေပေးပြီး ကြည့်ကြလို့လည်း ကျွန်တော့်မှာ ဝယ်နိုင်လောက်တဲ့ ငွေပမာဏ ရှိတာပါ” လို့ ဆာတစ်က ဆိုပါတယ်။

ဆာတစ်ဟာ မနှစ်တုန်းကလည်း အနီရောင်ပန်ဒါဝက်ဝံတစ်ကောင်နဲ့ အလွန်တူတဲ့ Chow-Chow ခွေးမျိုးစိတ်တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၃.၂၅ သန်းပေးချေပြီး ဝယ်ယူခဲ့ဖူးပါတယ်။

Ref: World’s Most Expensive Canine Sells for Over $5.81 Million

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply