လေထက် ၇ ဆ ပေါ့ပါးပြီး သံမဏိထက် ၁၀ ဆ မာကျောတဲ့ အရာဝတ္တု

9.2.2023-yyl-image-8.jpg

Aerographene (သို့) graphene aerogel လို့ ခေါ်တဲ့ အရာဝတ္တုကို တရုတ်နိုင်ငံ ကျဲ့ကျန်းတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ၂၀၁၃ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ carbon nanotubes ပျော်ရည်နဲ့ graphene oxide(Graphite oxide)အများအပြားကို ပေါင်းစပ် အေးခဲပြီး ရေခဲဖယ်ရှားတဲ့နည်းလမ်းကနေ Aerographene ကို ရရှိတာပါ။

ကမ္ဘာပေါ်မှာ သိပ်သည်းဆအနည်းဆုံး အရာဝတ္တုဖြစ်တဲ့ Aerographene ဟာ လေထက် ၇ ဆ ပေါ့ပါးပြီး သံမဏိထက် ၁၀ ဆ မာကျောပါတယ်။ ဆီစုပ်ယူနိုင်စွမ်းက သူ့ဒြပ်ထုအလေးချိန်ထက် အဆ ၉၀၀ ကျော် ရှိပြီး ဖိအား သက်ရောက်ရင်လည်း မူလပုံစံ ပြန်ပြောင်းနိုင်စွမ်း ရှိပါတယ်။

အဲဒီလို ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကြောင့် Aerographene ကို ပေါ့ပါးပြီး စွမ်းအင်သိုလှောင်နိုင်စွမ်းမြင့်တဲ့ ဘက်ထရီတွေ ထုတ်လုပ်ဖို့၊ ရေထဲကနေ ဆိုးဆေးနဲ့ ဆီဖယ်ရှားဖို့ ( ရေဆိုးစီမံခန့်ခွဲမှုစနစ်)၊ အပူဒဏ်ကာကွယ်ဖို့ အစရှိတဲ့ ကဏ္ဍပေါင်းစုံမှာ အသုံးပြုလျက် ရှိပါတယ်။

Ref: Aerographene: 10x Stronger Than Steel, This Is the Least Dense Material on the Planet

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top