ကန်ဒေါ်လာ ၄ သန်းတန်တဲ့ ကမ္ဘာ့စျေးအကြီးဆုံးနွား

26.3.24-yyl-7.jpg

ပုံမှာ မြင်ရတာကတော့ ကမ္ဘာ့ဈေးအကြီးဆုံးနွားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ လေလံအောင်ခဲ့တာပါ။ တောက်ပတဲ့ အဖြူရောင်အမွေးရှိပြီး မာ​ကျောတဲ့အရေပြား၊ ထင်ရှားတဲ့ ဘို့ကြောင့် နီလိုရီနွားမျိုးစိတ်က တမူထူးခြားပါတယ်။

အိန္ဒိယမျိုးရင်းဖြစ်ပြီး အန်ဒရာပရာဒက်ရှိပြည်နယ်၊ နီလိုရီခရိုင်မှာ ကျက်စားလေ့ရှိတဲ့ မျိုးစိတ်ဖြစ်လို့ နီလိုရီနွားမျိုးစိတ်လို့ ခေါ်ကြတာပါ။ အပူစုပ်ယူမှု နည်းပါးတဲ့ အဖြူရောင်ကြောင့် ပူပြင်းတဲ့ရာသီဥတုမှာ ရှင်သန်နိုင်ပြီး ရာသီဥတုဒဏ် ခံနိုင်တယ်လို့ ကျော်ကြားပါတယ်။ မာကျောတဲ့ အရေပြားကြောင့် ကပ်ပါးပိုးမွှားတွေ အလွယ်တကူ ကပ်ငြိနိုင်ခြင်း မရှိပါဘူး။

FIV Mara Móveis လို့ အမည်ပေးထားတဲ့ ၄ နှစ်သားအရွယ် နီလိုရီနွားတစ်ကောင်ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ လေလံအောင်ခဲ့တာ ဖြစ်ပါတယ်။

Ref: World’s most expensive cow

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top