ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်းအထိ သက်သာစေမယ့် ASUS Perfect Warranty

26.3.24-yyl-2.jpg

နာမည်ကျော် ကွန်ပျူတာကုမ္ပဏီ ASUS က ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်းအထိ သက်သာစေမယ့် ပြီးပြည့်စုံသည့်အာမခံအစီအစဉ် ASUS Perfect Warranty (APW) ကို ကြေညာခဲ့ပါတယ်။

ပြီးပြည့်စုံတဲ့ အာမခံအစီအစဉ် (ASUS Perfect Warranty (APW) ဆိုတာ ASUS ထုတ်လုပ်သူ အာမခံထဲမှာ အကျုံးမဝင်တဲ့ အသုံးပြုသူကြောင့် ဖြစ်ပွားသော မတော်တဆ ထိခိုက်မှုတွေအတွက် ASUS Laptop တွေကို ၁ နှစ်အတွင်း အကာအကွယ်ပေးသွားမယ့် ထပ်ဆောင်း အာမခံအစီအစဉ် ဖြစ်ပါတယ်။

အဲဒီ ထပ်ဆောင်းအာမခံအစီအစဉ်မှာ မတော်တဆ ပြုတ်ကျတာ၊ မတော်တဆ ကွဲအက်ပျက်စီးတာ၊ အရည်တစ်ခုခု ဖိတ်ကျတာ (ဒါမှမဟုတ်) လျှပ်စစ်ရှေ့ာခ်ဖြစ်ခြင်းတွေ အတွက် အစားထိုး ကုန်ကျစရိတ် 80% သက်သာခွင့် ရမှာပါ။ ဝယ်ယူသူတွေဟာ အစားထိုးအစိတ်အပိုင်းရဲ့ ကျန်ရှိသော ကုန်ကျစရိတ် 20% ကိုပဲ ပေးဆောင်ရမှာပါ။

ASUS ကုမ္ပဏီဟာ 2-year International Warranty အပြင် Perfect Warranty (ပြီးပြည့်စုံသည့်အာမခံ) နဲ့ပါ ထပ်မံကာကွယ်ပေးသွားဖြစ်ပြီး ပြည်တွင်းမှ မတော်တဆဖြစ်ပွားမှုများအတွက် စတင်ပိုင်ဆိုင်ချိန် ၁ နှစ်အတွင်းမှာ တာဝန်ယူ ကာကွယ်ပေးသွားမှာပါ။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ASUS ရဲ့ ထုတ်ကုန်ပစ္စည်းတွေ ဝယ်ယူမှုအားလုံးအတွက် 2-year International Warranty နဲ့ Perfect Warranty (ပြီးပြည့်စုံသည့်အာမခံ) ၂ ခုလုံး ရရှိမှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top