ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ် အသက် ၁၁၆ နှစ်ပြည့်မွေးနေ့ ဆင်နွှဲ

old.jpg

ဧပြီ ၃၀ ရက်နေ့မှာ အသက် ၁၁၆ နှစ်အရွယ် ဘရာဇီးလူမျိုးသီလရှင် အီနာ့ချ် ကန်ဘာရို လူးကပ် သေဆုံးသွားပြီးတဲ့နောက်မှာ ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့ အီသယ် ကာတာဟမ်ဟာ ဩဂုတ် ၂၁ ရက်နေ့မှာ အသက် ၁၁၆ နှစ်ပြည့်သွားခဲ့ပါပြီ။ အင်္ဂလန်အရှေ့တောင်ပိုင်းက ဆာရီမြို့ရှိ ဘိုးဘွားရိပ်သာမှာ နေထိုင်တဲ့ အီသယ်ဟာ ၁၉၀၉ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

သူဟာ သူ့မိသားစုနဲ့အတူ မွေးနေ့ပွဲကို တိတ်တဆိတ်ကျင်းပဆင်နွှဲခဲ့တာပါ။ သူ့ဆီ မွေးနေ့ဆုတောင်းစာတွေ ပေးပို့ခဲ့ကြသူတွေကိုလည်း သူနဲ့ သူ့မိသားစုက ကျေးဇူးအထူးတင်ရှိတယ်လို့လည်း the Hallmark Care Homes က ထုတ်ပြန်ခဲ့ပါတယ်။ အခုနှစ်မှာ ဘာအင်တာဗျူးမှာ ဖြေကြားမှာမဟုတ်ပေမဲ့ ချားလ်ဘုရင်က သူ့ကို စကားပြောချင်ရင်တော့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

Ref: World’s Oldest Person, Who Travelled To India As Teen, Celebrates 116th Birthday

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top