ချီလီနိုင်ငံရဲ့ကျန်းမာရေးစနစ်က နောက်ထပ်မစွမ်းသာတော့တဲ့ အခြေအနေ ရောက်လုနီးပါးဖြစ်နေ

25-5-2020-yyl-014.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ချီလီနိုင်ငံရဲ့ ကျန်းမာရေးစနစ်က နောက်ထပ်မစွမ်းသာတဲ့ အခြေအနေရောက်လုနီးပါး ဖြစ်နေပြီလို့ ချီလီသမ္မတ ပင်နီရာက ပြောပါတယ်။ ချီလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၀၀၀၀ နီးပါးရှိနေပြီး လူ ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ရာ ဗဟိုချက်ဖြစ်တဲ့ ဆန်တီယာဂိုမြို့မှာ တင်းကျပ်တဲ့ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

” ကျန်းမာရေးစနစ်က ဖိအားအရမ်းများနေပြီဆိုတဲ့အချက်ကို ကျွန်တော်တို့ ကောင်းကောင်းသတိထားမိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တောင်းဆိုချက်၊ လိုအပ်ချက် အရမ်းများနေသလို အထူးကြပ်မတ်ခန်းခုတင်တွေ၊ အသက်ရှူစက်တွေလည်း အရမ်းလိုအပ်နေလို့ ကျွန်တော်တို့ရဲ့ နောက်ဆုံးအတိုင်းအတာ ရောက်လုဆဲဆဲဖြစ်နေပါပြီ”လို့ ပင်နီရာက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆန်တီယာဂိုမြို့မှာ ကန့်သတ်တားဆီးမှုတွေနဲ့ပတ်သက်လို့ ဆူပူအုံကြွဖြစ်ခဲ့ပါတယ်။ ပိတ်ဆို့ခံထားရချိန်အတွင်း အစားအစာပြတ်လပ်မှုကြောင့် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကြောင့် စီးပွားရေးရိုက်ခတ်မှု ခံစားနေရတဲ့ ချီလီနိုင်ငံသား လေးပုံ၊ တစ်ပုံလောက်ကို ကူညီပေးဖို့အတွက် အရေးပေါ်အခြေခံဝင်ငွေ ပေးအပ်မှုကို သတ်မှတ်ချက်ထက်စောပေးမယ်လို့ ပြီးခဲ့တဲ့အားလပ်ရက်မှာ ချီလီအစိုးရက ကြေညာခဲ့ပါတယ်။ လာမယ့်စနေနေ့ကစပြီး လူ ၁.၈ သန်းလောက် အရေးပေါ်အခြေခံဝင်ငွေ ရရှိမှာဖြစ်ပြီး ဇွန်လ ၁၀ ရက်မှာ နောက်ထပ် လူ ၃ သန်းကို ထပ်မံပေးအပ်သွားမယ်လို့ ပင်နီရာက ပြောပါတယ်။

Nz (ရိိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top