အိန္ဒိယနိုင်ငံသားတီထွင်တဲ့ အဝတ်လျှော်စက် ကမ္ဘာ့အသေးငယ်ဆုံးအဖြစ် ဂင်းနက်စ်စံချိန်တင်

15.10.2024-yyl-4.jpg

အိန္ဒိယနိုင်ငံသားတစ်ဦး တီထွင်ခဲ့တဲ့ တစ်လက်မသာသာ အဝတ်လျှော်စက်ဟာ ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်အဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ဆီဘင်ဆာဂျီ တီထွင်ခဲ့တဲ့ အဝတ်လျော်စက်ဟာ အလျား ၁.၂၈ လက်မ၊ အနံ ၁.၃၂ လက်မ၊ အမြင့် ၁.၅၂ လက်မပဲရှိပြီး အဝတ်လျော်စက်တစ်လုံးရဲ့ လုပ်ဆောင်မှုမျိုး လုပ်နိုင်ပါတယ်။

အဝတ်လျှော်၊ ရေညှစ်၊ လည်ပတ် စတဲ့ လုပ်ဆောင်မှုမျိုးတွေ လုပ်ပြနိုင်ခဲ့တာကြောင့် ကမ္ဘာ့အသေးငယ်ဆုံး အဝတ်လျှော်စက်အဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တာပါ။ အလေးချိန်အားဖြင့် ဝ.၈၈ အောင်စပဲ လေးလံပြီး အဲဒီပမာဏက Oreo ကွတ်ကီး နှစ်ချပ်စာလောက်ပဲ ရှိပါတယ်။

Ref: World’s smallest washing machine is smaller than a Tamagotchi
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply