“တွစ်တာဝယ်ယူတဲ့ ငွေကို ပရဟိတအတွက် ဘာလို့မသုံးတာလဲ”ဆိုတဲ့ မေးခွန်းကို အီလွန်မက်စ် ဘယ်လိုဖြေခဲ့သလဲ

4-5-2022-yyl11.jpg

တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်စ် ဝယ်ယူတဲ့ သတင်းထွက်ရှိလာခဲ့ပြီးနောက်မှာတော့ အီလွန်မက်စ် ပိုင်ဆိုင်မှာသဘောမကျတဲ့ တွစ်တာအသုံးပြုသူအများအပြားရှိသလို ဒေါ်လာဘီလျံပေါင်းများစွာကို ပိုကောင်းတဲ့အရာအတွက် အသုံးပြုလို့ရတယ်လို့ စောဒကတက်နေကြတဲ့သူတွေလည်းရှိခဲ့ပါတယ်။ လူတော်တော်များများကလည်း အဲဒီငွေကို ပရဟိတအတွက် မသုံးတာလဲလို့ မေးခွန်းထုတ်လာကြပါတယ်။

“မက်စ်က ဒေါ်လာ ၄၄ ဘီလျံကို သုံးပြီး လူတွေကို အလွယ်တကူကူညီလို့ရတယ်။ ပရဟိတကို အဲဒီငွေတွေထဲက တစ်ချို့လှူဒါန်းပြီး လူဒါဇင်ရဲ့အသက်တွေကို အလွယ်တကူ ကယ်တင်လို့ရတယ်။ ကမ္ဘာ့ဆာလောင်မှုကိုလည်း ကူညီဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ သူက တွစ်တာကို ဝယ်ယူခဲ့တယ်” လို့ ဝေဖန်သူတစ်ဉီးက ပြောခဲ့ပါတယ်။

အဲဒီလိုဝေဖန်မှုတွေကြောင့် Entertainment Tonight တီဗီအစီအစဉ်က Met Gala ပွဲကို အီလွန်မက်စ် တက်ရောက်လာခဲ့တဲ့အချိန် “ပရဟိတလုပ်ငန်းတွေ၊ လှူဒါန်းမှုတွေအတွက် (ဒါမှမဟုတ်) ပိုကောင်းအောင်လုပ်ဖို့အတွက်ငွေတွေကို ဘာလို့ မသုံးခဲ့တာလဲ” လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

“ကျွန်တော် ပရဟိတစိတ်နဲ့ အရာတွေအများကြီးလုပ်တယ်။ တကယ်တော့ ကျွန်တော့်ကုမ္ပဏီတွေက လူသားတွေရဲ့အနာဂတ်အတွက် ကောင်းတာလုပ်ဖို့ ရည်ရွယ်ထားတာပါ” လို့ အီလွန်မက်စ်က တုံ့ပြန်ဖြေကြားခဲ့ပါတယ်။Tesla ကုမ္ပဏီက “ရေရှည်တည်တံ့တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်ထွန်းကားရေးကို အရှိန်မြှင့်ဖို့” ရည်မှန်းထားပြီး Space X ဟာ ကမ္ဘာ့တစ်ဝှမ်းက အမှုထမ်းအနည်းငယ်ကို အင်တာနက်ထောက်ပံ့ပေးနေတယ်လို့ ရည်ညွှန်းပြောသွားခဲ့တာပါ။

ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ကမ္ဘာနဲ့ အဆက်အသွယ်မပြတ်စေဖို့ ယူကရိန်းမှာ Starlink ရဲ့အင်တာနက်ဝန်ဆောင်မှုရအောင် လုပ်ဆောင်ပေးခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ အီလွန်မက်စ်က “လူသားမျိုးနွယ်နဲ့ လူမှုတိုးတက်ရေးအတွက် ကောင်းကျိုးပြုဖို့ ကြိုးစားနေပါတယ်”လို့လည်း ပြောသွားခဲ့ပါတယ်။အီလွန်မက်စ်ဟာ စတော့ရှယ်ယာတွေပဲ ပိုင်ဆိုင်ထားပေမဲ့ ငွေကြေးအရ တွက်ကြည့်ရင် သူ့ရဲ့အသားတင်ပိုင်ဆိုင်မှုက ခန့်မှန်းခြေ ဒေါ်လာ ၂၆၄.၆ ဘီလျံရှိပါတယ်။

Ref: Ladbible “Elon Musk Answers Why He Didn’t Spend $44 Billion On Charity”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top