စင်ကာပူနိုင်ငံရဲ့ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသား

world.jpg

ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသား တူရကီနိုင်ငံသား ဆူတန် ကိုဆန်ကို မကြာသေးခင်က စင်ကာပူနိုင်ငံရှိ International crypto ပွဲတစ်ခုဖြစ်တဲ့  TOKEN2049 crypto မှာ မြင်တွေ့ခဲ့ရပါတယ်။ သူဟာ အဲ့ဒီပွဲကို တက်ရောက်ရင်း လည်ပတ်ခဲ့တာပါ။ အဲ့ဒီပွဲက Marina Bay Sands မှာ အောက်တိုဘာ ၁-၂ ရက် ကျင်းပခဲ့တာပါ။

ကိုဆန်က  TOKEN2049 crypto ပွဲမှာ လူအများကို တွေ့ဆုံနှုတ်ဆက်စကားပြောခဲ့တာတွေ့ရပါတယ်။ စင်ကာပူမှာ ရှိနေစဉ် သူ့ရဲ့အင်စတာဂရမ်ပို့စ်တွေအားလုံးမှာ #token2049 ဆိုတဲ့ hashtag ကို တွေ့ရပါတယ်။ ပွဲက ဗီဒီယိုအတိုလေးတွေကိုလည်း အင်စတာဂရမ်မှာ တင်ထားပါတယ်။ သူဟာ The Basketball Association of Singapore မှာ ဘတ်စကက်ဘောလည်းကစားခဲ့ပါသေးတယ်။ ဒါ့အပြင် Formula 1 ကားပြိုင်ပွဲကိုလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်။ 

Ref: World’s tallest living man Sultan Kösen visits S’pore, towers over carpark 2.1m height clearance

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top