သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ဘဲဥပုံရုံးခန်းထဲက ပြောင်းလဲမှုများ

22-1-2021-yyl-24.jpg

အမေရိကန်သမ္မတရုံးခန်းဖြစ်တဲ့ ဘဲဥပုံရုံးခန်းကလည်း သမ္မတအပြောင်းအလဲနဲ့အတူ ပြောင်းလဲသွားခဲ့ပါပြီ။ ဒေါ်နယ်ထရမ့်လက်ထက်မှာတုန်းက ၇ ယောက်မြောက် အမေရိကန် သမ္မတဖြစ်တဲ့ အန်ဒရူးဂျက်ဆင်ရဲ့ ပုံတူပန်းချီကားကို ချိတ်ဆွဲထားပေမဲ့ ဂျိုးဘိုင်ဒင် လက်ထက်မှာတော့ အမေရိကန်နိုင်ငံရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ စာရေးဆရာ၊ သိပ္ပံပညာရှင်၊ ဒဿနပညာရှင် ဘင်ဂျမင်ဖရန်ကလင်ရဲ့ ပုံတူပန်းချီကားက အစားထိုး နေရာယူခဲ့ပါပြီ။

ဒေါ်နယ်ထရမ့်လက်ထက်မှာ ဒုတိယကမ္ဘာစစ်ကာလက ဗြိတိန်ဝန်ကြီးချုပ် ဆာဝင်စတန်ချာချီရဲ့ ကိုယ်တစ်ပိုင်းရုပ်တု ထားရှိပေမဲ့ ဂျိုးဘိုင်ဒင်ကတော့ သမ္မတဟောင်း အေဘရာဟမ်လင်ကွန်း၊ အမေရိကန်သမ္မတဟောင်း ဟာရီထရူမန်း၊ အမေရိကန်-မက္ကဆီကို အလုပ်သမားခေါင်းဆောင် ဆီဆာချားဗက်ဇ်၊ ပြည်သူ့အခွင့်အရေးလှုပ်ရှားသူ ရိုဆာပါ့ခ်တို့ရဲ့ ရုပ်တုတွေကို နေရာချထားတာ တွေ့ရပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ ဘဲဥပုံရုံးခန်းထဲမှာ မာတင်လူသာကင်း၊ ရောဘတ်အက်ဖ်ကနေဒီတို့ရဲ့ ရုပ်တုတွေလည်း ရှိနေပါတယ်။

ဘဲဥပုံရုံးခန်းထဲက မီးလင်းဖိုအပေါ်မှာတော့ မဟာစီးပွားပျက်ကပ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံကို ဦးဆောင်ခဲ့တဲ့ သမ္မတ ( ဟောင်း) ဖရန်ကလင်ဒီရုစဗဲ့၊ သမ္မတ ( ဟောင်း) သောမတ်စ်ဂျက်ဖာဆန်၊ သမ္မတ ( ဟောင်း) ဂျော့ဝါရှင်တန်၊ သမ္မတ ( ဟောင်း) အေဘရာဟမ်လင်ကွန်း၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း အလက်ဇန္ဒားဟာမီလ်တန်တို့ရဲ့ ပန်းချီကားတွေ ချိတ်ဆွဲထားပါတယ်။

ဒေါ်နယ်ထရမ့်လက်ထက်တုန်းက ဘဲဥပုံရုံးခန်းထဲမှာ အမေရိကန်တပ်ဖွဲ့တွေရဲ့ အလံတွေ ထားရှိခဲ့ပေမဲ့ ဂျိုးဘိုင်ဒင်ကတော့ အမေရိကန်နိုင်ငံအလံနဲ့ အမေရိကန်သမ္မတ အမှတ်တံဆိပ်ပါတဲ့ အလံ ၂ ခုပဲ ထားရှိတာ တွေ့ရပါတယ်။

Ref: BBC ” Biden’s new-look Oval Office is a nod to past US leadership “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top