မန်နေဂျာဆီ OK Emoji ပို့မိလို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ဝန်ထမ်း

WECHAT-1280x720.jpg

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က ဘားတစ်ခုမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ဦးဟာ သူ့မန်နေဂျာဆီ အိုကေ အီမိုဂျီပို့မိလို့ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ We Chat အက်ပလီကေးရှင်းထဲမှာ ဝန်ထမ်းတွေအားလုံးပါဝင်တဲ့ group chat ကို မန်နေဂျာက ပြုလုပ်ပေးထားပြီး အဲဒီထဲမှာ မန်နေဂျာက အစည်းအဝေးအတွက် စာရွက်စာတမ်းတွေယူလာပေးဖို့ ဝန်ထမ်းတစ်ယောက်ဆီ စာပို့ခဲ့တာပါ။ ဒါကို ဝန်ထမ်းက စာပြန်မပို့ဘဲ အိုကေ အီမိုဂျီ ပို့လိုက်တဲ့အတွက် မန်နေဂျာက စိတ်ဆိုးသွားခဲ့ပါတယ်။

HR ဌာနနဲ့ ဆက်သွယ်ပြီး တစ်ခါတည်း အလုပ်ဖြုတ်လိုက်ပြီဖြစ်ကြောင်း ဝန်ထမ်းကို အသိပေးခဲ့ပါတယ်

ဒါကြောင့် HR ဌာနနဲ့ ဆက်သွယ်ပြီး တစ်ခါတည်း အလုပ်ဖြုတ်လိုက်ပြီဖြစ်ကြောင်း ဝန်ထမ်းကို အသိပေးခဲ့ပါတယ်။ ဒီအလုပ်မှာလုပ်လာော နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပေမဲ့ ဒီလိုမျိုးအခြေအနေနဲ့ ကြုံရတာ ပထမဆုံးပဲလို့ ဝန်ထမ်းမိန်းကလေးက ဆိုပါတယ်။ ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာတော့ ဝန်ထမ်းတွေကို We Chat အစား Roger အက်ပလီကေးရှင်းသုံးဖို့လည်း မန်နေဂျာက ပြောခဲ့ပါတယ်။

ဝန်ထမ်းမိန်းကလေးက စခရင်ရှော့ခ်ရိုက်ပြီး အွန်လိုင်းပေါ် တင်ချိန်မှာ ကြည့်ရှုသူ သန်း (၂၈၀) ရှိပြီး ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်

သူတို့ပြောထားတဲ့အကြောင်းအရာကို ဝန်ထမ်းမိန်းကလေးက စခရင်ရှော့ခ်ရိုက်ပြီး အွန်လိုင်းပေါ် တင်ချိန်မှာ ကြည့်ရှုသူ သန်း (၂၈၀) ရှိပြီး ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ မန်နေဂျာကောင်းတစ်ယောက်ဆိုတာ ဝန်ထမ်းတွေရဲ့ ဆက်သွယ်နည်း ဆက်သွယ်ဟန်အမျိုးမျိုးကို သိထားသင့်တာဖြစ်လို့ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုကို ပုံကြီးမချဲ့သင့်ကြောင်း ရေးသားထားသူတွေလည်းရှိပါတယ်။

ခင်မင်ရင်းနှီးသူတွေကို အီမိုဂျီသုံးပြီး ပြောဆိုဆက်သွယ်တာကသဘာဝကျပေမဲ့ လုပ်ငန်းခွင်ထဲမှာတော့ အီမိုဂျီသုံးတာကို တတ်နိုင်သလောက်ရှောင်ပြီး စာသားနဲ့ပဲ ပို့

ခင်မင်ရင်းနှီးသူတွေကို အီမိုဂျီသုံးပြီး ပြောဆိုဆက်သွယ်တာကသဘာဝကျပေမဲ့ လုပ်ငန်းခွင်ထဲမှာ အထူးသဖြင့် အရာရာကိုလိုက်ပြီး အပြစ်မြင်တတ်တဲ့မန်နေဂျာမျိုးနဲ့ဆိုရင်တော့ အီမိုဂျီသုံးတာကို တတ်နိုင်သလောက်ရှောင်ပြီး စာသားနဲ့ပဲ ပို့ကြဖို့ ဒီဖြစ်ရပ်ကိုမျှဝေရင်း အကြံပြုလိုက်ပါတယ်နော်။

Ref: 9 gag “Employee Fired For Sending Ok Emoji To Boss On Messaging App”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top