ကမ္ဘာ့အသက်ငယ်ဆုံး ၀န်ကြီးချုပ်​လေး Sanna Marin

16-3-2020-yyl-008.jpg

လူအများစုရဲ့ အတွေးထဲမှာ သမ္မတ (သို့) ၀န်ကြီးချုပ် ဆိုရင် အသက်ကြီးရမယ်၊ အမျိုးသားလဲဖြစ်သင့်တယ် လို့ ထင်နေကြဆဲပါ။ ဒီလို အစဥ်အလာတွေကို ပြောင်းပြန်ဖြစ်စေမယ့် လူငယ်အမျိုးသမီး တစ်ယောက်ရှိနေပါတယ်။ သူမကတော့ Sanna Marinဖြစ်ပါတယ်။ ကမ္ဘာ့အသက်ငယ်ဆုံး ၀န်ကြီးချုပ်လေး Marin လေးဟာ ဖင်လန်နိုင်ငံ ကိုသမိုင်းသစ်ဖြင့် ပုံဖော်ဦးဆောင်မယ့် လူငယ်လေးဖြစ်ပါတယ်။ သူမဟာ အမျိုးသမီးများဦး ဆောင်သော ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်သူတစ်ယောက်လဲဖြစ်တယ်။

အသက် (၃၄) နှစ်သာရှိသေးတဲ့ Marin ဟာ ဖင်လန် ၀န်ကြီးချုပ်ရာထူးအတွက် တာ၀န်ထမ်းဆောင်ဖို့ ကျမ်းကျိန် ခဲ့ပြီး နောက် သူမရဲ့ သတင်းဟာ နိုင်ငံတကာ မျက်နှာစာမှာ အံ့အားသင့်ခဲ့ရပြီး ထိုအကြောင်းကို သတင်းမီဒီယာတွေထက် နေရာ၀င်ယူခဲ့ပါတယ်။ ဒီလို ကမ္ဘာက ရင်းနှီးကျွမ်း၀င် မဖြစ်ခင်ကတည်းက သူမအနေနဲ့ ၂၀၁၅ ခုနှစ် ကစပြီး ဖင်လန်လူမှုဒီမိုကရက်တစ်ပါတီရဲ့ တက်သစ်စ ကြယ်ပွင့် တစ်ဦးဖြစ် နေခဲ့ပြီးဖြစ် တယ်။ လူအများစုကတော့ သူမဟာ ရာထူးအတွက် ပြောစရာမလိုပဲ ထိုက်တန် တယ်လို့ဆိုကြပါတယ်။

ယခင် ဖင်လန် ၀န်ကြီးချုပ်ဟောင်း Antti Rinne အနေနဲ့ စာတိုက် လုပ်သားများသပိတ်မှောက်မှုကို ကိုင်တွယ်မှု အပေါ် သူ၏ညွန့်ပေါင်းအစိုးရအတွင်းမှ ဝေဖန်မှုများနှင့် ပတ်သက် ၍နုတ်ထွက်သည့် ရက်သတ္တပတ်များအပြီးတွင် Marin အား သူမ၏ပါတီ ကမဲပေးခဲ့ကြတယ်။ ၀န်ကြီးချုပ်ဟောင်း Rinne က ဆက်လက်ပြီး လူမှုဒီမိုကရက်၏
အကြီးအ ကဲအဖြစ်ဆက် လက်တာ၀န်ယူနေပါလိမ့်မယ်။

သူမအနေနဲ့ ဖင်လန်နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်တွင် ခေါင်းဆောင်မှု တာ၀န်ယူရတဲ့ အခိုက်အတန့် လည်းဖြစ်တယ်။ ဧပြီ ၂၀၁၉ တွင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွင်သူမရဲ့ပါတီ (လူမှုဒီမိုကရက်တစ်ပါတီ) အနေနဲ့ နိုင်ငံရေး (လက်ယာ) အုပ်စုဖြစ်တဲ့ ဖင်နစ်ပါတီကို ကပ်သီလေး နှစ်ပေါင်း ၁၆ နှစ် အကြာတွင် ပထမဆုံးအဖြစ် အနိုင်ရခဲ့ပါတယ်။ အမှန်တွင် ထိုမတိုင်ခင်ထိ ဖင်နစ်ပါတီမှာ လူထူထောက်ခံမှု အရဆုံးပါတီဖြစ်ခဲ့သည် ဟုဆိုပါတယ်။

ထိုရွေးကောက်ပွဲ အချိန်များတွင် အဓိက ပါတီများထောက်ခံမှု ရရှိမှု​ ကျဆင်းခဲ့ပြီး ပါတီအလိုက် မဲရရှိမှု (၁၈) ရာခိုင်နှုန်းတောင်​မကျော်ခဲ့ပါ။ ၀န်ကြီးချုပ်ဟောင်း Rinne ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရချိန်တွင် သူရဲ့ ညွန့်ပေါင်းပါတီ၀င်များကလည်း ညွန့်​ပေါင်း အသစ်ကို ဖြိုဖျက်ဖို့ နဲ့ အခြားရွေးကောက်ပွဲများတွင် အန်စာတုံးလှိမ့်ချဖို့ မပြုလုပ်လိုကြပါ။

Marin ဟာ လက်ရှိအစိုးရကို ဦးဆောင်နေတဲ့ အပြင် ငယ်ရွယ်တဲ့ အမျိုးသမီး လည်းဖြစ်ပါတယ်။ အစိုးရ၏ အခြားပါတီ (၄)ခုတွင်လည်း အမျိုးသမီးများက ဦးစီးကြပါတယ်။ သူတို့ဟာလည်း အသက် (၃၄) နှစ်အောက်ဖြစ်ကြပါတယ်။ ဆက်လက်ပြီးသူမအနေနဲ့ သတင်းထောက်တွေကို “ကျွန်မ​အနေနဲ့ မဆုတ်မနှစ်နဲ့ တာ၀န်တွေကိုဆောက်ရွက်ဖို့ စိတ်နှစ်ထားလိုက်ပြီး၊ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ သတင်းယူမှုကို နောက်လိုက်ကြည့်နေမှာ မဟုတ်ဘူး၊ ကျွန်မတို့ ပြောင်းလဲဖို့ ကတိတွေပေးခဲ့ပြီးပြီ၊ အခု လက်တွေ့လုပ်ရမယ့် အချိန်ရောက်ပြီ၊ အလုပ်ဖြင့်သာ ကျွန်မတို့ ယုံကြည်ချက်တွေကို ပြန်လည်အသက်၀င်နိုင်စေမှာ ပါလို့ ယုံကြည်တယ်။

Marin ဟာ၂၀၁၃ မှ၂၀၁၇ နှစ်အတွင်း Tampere မြို့တော်၀န်ကောင်စီရဲ့ ဥက္ကဌရာထူး ယူခဲ့တဲ့အချိန်ကစပြီး ရေပန်းစားလာခဲ့ပါတယ်။ နောက်ပြီးသူမ အနေနဲ့ အစည်းအ​ဝေးတွေမှာ အားတက်သ​ရော နဲ့ ပြတ်သားလှတဲ့ ဆွေးနွေးလုပ်ဆောင်မှု တွေကြောင့် လူအများစုရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။“လူတွေကသူမရဲ့ လုပ်ဆောင်မှုတွေကို အားကျလေးစားကြတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ မူ၀ါဒ တွေနဲ့ ပြဿနာတွေအပေါ်မှာ ရင်ထဲနှစ်ပြီးလုပ်ဆောင်တယ်။ သူမက လူတွေရဲ့ အာရုံစိုက်ခံရဖို့ လုပ်တာမဟုတ်ပါဘူး” ဟု Ms. Kantola ကဆိုတယ်။ Marin ဟာ ပါလီမန်ထဲသို့ ၂၀၁၅ခုနှစ်မှာ ရွေးချယ်ခံရတယ်။ ဆက်လက်ပြီး ၂၀၁၉ ခုနှစ်မှာပြန်လည် ရွေးချယ်ခံခဲ့ရပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ၀န်ကြီးအဖြစ် ဆက်လက်တာ၀န်ထမ်း ဆောင်ခဲ့ပါတယ်။

သူမဟာ လက်၀ဲ၀ါဒီ သမားလို့ဆိုနိုင်တယ်။ ရာသီဥတုပြောင်းလဲမှု၊ တန်းတူညီမျှမှု၊ လူမှုဖူလုံရေး တွေဟာ သူမရဲ့ အဓိကလုပ်ဆောင်မယ့် စီမံကိန်းကြီး တွေဖြစ်တယ်။ သူမအနေနဲ့ တွစ်တာပေါ်မှာ ဖင်လန်နိုင်ငံမှာ ကောင်းမွန်တဲ့ လူမှု အသိုက်အ၀န်းတစ်ရပ် ဖြစ်လာစေဖို့ ကတိပြုပါတယ်လို့ ရေးသားခဲ့တယ်။

“ဖင်လန်အနေနဲ့ ​(၄)နှစ်အတွင်းမှာ အရာအားလုံးကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ပိုမိုကောင်း လာစေမှာတော့ အမှန်ပါပဲ” လိုသူမက လူမှုကွန်ယက်မှာဆိုပါတယ်။ နိုင်ငံအတွင်းမှာ မွေးဖွားလာတဲ့ ကလေးတိုင်းဖြစ်ချင်တဲ့ အိမ်မက်တွေဖြစ်နိုင်စေဖို့နဲ့ ၊ လူတိုင်း ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်နိုင်ကြစေရေး ဖြစ်အောင် ဖော်ဆောင်ပေးတဲ့ လူမှုအသိုက်အ၀န်းကို ကျွန်မထူထောင်ချင်ပါတယ်။”

သို့သော်သူမအတွက် အစိုးရလောက နဲ့ အမြဲတမ်းတော့ လက်လှမ်းမီပုံတော့ မရခဲ့ပါ။ သူမအနေနဲ့ အခြေခံလူတန်းစား အသိုင်းအ၀ိုင်းကနေ ဆင်းသက်လာသူမို့ နိုင်ငံရေးလောကသို့ ရောက်ရှိဖို့တော့ မလွယ်ကူလှတဲ့ အကြောင်းများကိုတော့ ပြောခဲ့ဖူးပါတယ်။ သူမ ဖင်လန်မဂ္ဂဇင်း Me Naiset ကို စိန်ခေါ်မှုများအကြောင်း ပြောပြခဲ့ဖူးသည်။ “ကျွန်​မ အထက်တန်းကျောင်းသူဘ၀အချိန် ခံစားဖူးတဲ့အရာတစ်ခုက နိုင်ငံရေးလောက မှာကျင်လည်းနေတဲ့ လူတွေဟာ မတူညီကြဖူး၊ ကျွန်မနဲ့ မတူညီတဲ့ ဘ၀နောက်ခံ သမိုင်းကြောင်းတွေက လာကြတယ်လိုခံစားခဲ့ရတယ်။”

သူမငယ်စဥ်ကတည်းက မိဘများက ကွဲခဲ့ကြတယ်။ မိခင်နဲ့ သူရဲ့ အမျိုးသမီး လက်တွဲ​ဖော်တို့က သူမကို ပြုစုပျိုးထောင်ခဲ့ကြတယ်။ သူမက သူ့အနေနဲ့ “သက်တန့်” မိသားစု ကလာတယ်လိုခံစားခဲ့ရတယ်။ ဆက်လက်ပြီး သူမအနေနဲ့ ပျောက်ကွယ်နေ သလိုခံစားခဲ့ရတယ် ဘာကြောင့်လဲဆိုတော့ မိသားစုအကြောင်းကို ပွင့်လင်းပြောပြဖို့ အခွင့်အရေးမရှိခဲ့ဘူး။

ဒီလို “သက်တန့်” မိသားစု ကဆင်းသက်လာတဲ့အကြောင်းကို လူတွေကိုပြောပြဖို့ အခွင့်အရေးမရခဲ့ဘူး၊ အခု (၂၁)ရာစု ရောက်မှ ဒီလို (လိင်တူ)မိသားစု အကြောင်းအရာတွေကို ပွင့်လင်းစွာပြောပြခွင့်ရခဲ့တယ်။ သူမသည်သူမ၏ခင်ပွန်း၊ သမီးငယ်နဲ့ အတူ Tampereမြို့မှာ လက်ရှိနေ ထိုင်လျက်ရှိပါတယ်။ သူမရဲ့ မိသားစုကသူမရဲ့ နိုင်ငံရေးဘ၀ကို ပုံသွင်းပြောင်းလဲစေခဲ့တယ် လို့ဆိုပါတယ်။ သူမက “လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုဟာ ကျွန်မအတွက်တော့ ထင်မြင်ယူဆ ချက်မဟုတ်ဘူး၊ အဲ့ဒါတွေက လူတွေရဲ့ အခြေခံကျတဲ့ အုတ်​မြစ်တွေဖြစ်တယ်လို့ ယုံကြည်တယ်။ ကျွန်မနိုင်ငံရေးလောက ကို၀င်တယ်၊ ဘာကြောင့်လဲဆိုတော့ လူ့အဖွဲ့အစည်းက နိုင်ငံသားတွေနဲ့ သူတို့ရဲ့အခွင့်အရေးတွေကို ဘယ်လိုထင်မြင်ယူဆသလဲဆိုတာ ကို သြဇာလွမ်းမိုးချင်တဲ့ အတွက်ကြောင့်ဖြစ်တယ်။

Turku တက္ကသိုလ်မှ ပါလီမန်လေ့လာရေးဌာနမှ အကြီးတန်းသုတေသီ Jenni Karimaki ကတော့ Marin အနေနဲ့ ဒီလို နေရာ ရလာတဲ့ အတွက်ကြောင့် သူ့ရဲ့ပါတီအတွက်လည်း အကျိုးရှိမှာဖြစ်သလို ထိန်းကျောင်းနိုင်မှာ လည်းဖြစ်တယ်။ သူမပါတီက ဒီလိုမျိုး အခြေအနေတွေဖြစ်လာနိုင်ဖို့ အရမ်းအလိုရှိခဲ့တာဖြစ်တယ်။ သူမအနေနဲ့လည်း ပါတီရဲ့ တရား၀င်ခေါင်းဆောင် ဖြစ်လာဖို့ရှိနေပါတယ်” လို့ Jenni ကဆိုပါတယ်။

ကျားမရေးရာလေ့လာသူ ပါမောက္ခ Ms. Kantola က အစိုးရသစ်နှင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အာဏာရအမျိုးသားများ ကြီးစိုးသည့် အလယ်အလတ်တန်းစား အစိုးရတို့ အကြားသိသိသာသာ ကွာခြားမှုကို မှတ်ချက်ပေးခဲ့သည်။ “ဒီလိုမျိုး က ကျွန်မတို့ကို ၁၉၈၀ ပြည့်နှစ်ကိုရောက်သွားသလို ဖြစ်ခဲ့ပါတယ်၊ အရင်က ဒီလိုနိုင်ငံရေး မှာ အမျိုးသားအသက်ကြီးသူများ ကပဲ ကိုယ်စားပြုပေးတာ အပြင် ၊သူတို့ လုပ်ခဲ့တဲ့နိုင်ငံရေး ဘယ်လိုဆိုတာ ကိုပါပြသခဲ့ပါ တယ် ဟုသူမကဆိုသည်။

ထိုအချိန်က ကျား၊ မတန်းတူညီမျှရေး အတွက် အလွန်ခက်ခဲသော အချိန်ဖြစ်တယ်။ ယခုနှစ်တွင်မဲပေးသူမှာ ၇၃ ရာခိုင်နှုန်းရှိပြီး အမြင့်ဆုံးဖြစ်ခဲ့တယ်။ Ms. Kantola ပြောခဲ့သည်မှာ ယခင်အစိုးရကို ဆန့်ကျင်သော တန်ပြန်မှုများအနေဖြင့် အခုမဲပေးသူများက လူငယ်များကို ပိုမိုအာရုံစိုက်ပြီး မဲပေးလာကြပြီး အထူးသဖြင့် ငယ်ရွယ်ပြီး ဥပဒေကြောင်းအရ နားလည်းကျွမ်းကျင်သူများကို ပိုမိုထောက်ခံ အားပေးလာကြသည်ဟု ဆိုပါတယ်။ မည်သိုပဲပြောင်းလဲမှုများရှိနေပါစေ ဖင်လန်နိုင်ငံမှာအမျိုး သမီးတွေအား လုံးအစိုးရရဲ့ခေါင်း ဆောင်ဖြစ်ရတာ ကိုမကျေနပ်ကြတဲ့ လူများလည်း ရှိနေတယ်ဆိုတာ သိသာ ထင်ရှားပါတယ်။ ဒါဟာအလွန်ပြင်းထန်သော ဝိရောဓိပါပဲ။” လိုဆက်လက်ဆိုပါတယ်။

မည်သူပင်ဆိုစေ ဖင်လန်ရဲ့အပြောင်းအလဲကို ကျွန်တော်တို့ အတုယူသင့်တယ်။ ဒီအချက်က လူငယ်များဟာ မသေးလှတဲ့ နိုင်ငံရဲ့ ၀န်ကို ထမ်းဆောင်နိုင်တယ် ဆိုတာကိုလည်း ပြသခြင်းဖြစ်တယ်။ ကျွန်တော်တို့ မှာရှိကြတဲ့ ရှေးရိုးစွဲ အယူ၀ါဒတွေကို ဘေးချိတ်ဖို့အချိန်တန်ပြီး လူငယ်တွေကို နိုင်ငံရဲ့ အနာဂတ်ကို ဦးဆောင်ဖို့ ပုခုံးပြောင်းတာ၀န်ပေးသင့်ပါပြီး။ အဓိကတော့ လူငယ်တွေသာ အနာဂတ်ရဲ့ ထွန်းထောက်ကြမယ့် ကြယ်ပွင့်လေးတွေသာဖြစ်လို့ နိုင်ငံရဲ့ တာ၀န်များကို တတ်နိုင်တဲ့ဖက်က ထမ်း​ဆောင်နိုင်စေဖို့ အခွင့်အလမ်း နဲ့ အခွင့်အရေးများ ပေးသင့်ပါတော့တယ်။

Ref: nytimes.com
Who Is Sanna Marin, Finland’s 34-Year-Old Prime Minister?

TharHtoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top