စွမ်းရည်မြင့် Hardware လုပ်ဆောင်ချက်နှင့် ပေါင်းစပ်ထားသော ထိပ်တန်း ကင်မရာ စနစ်၊ အလိုလိုသိမြင်နားလည်နိုင်စွမ်း အမြင့်မားဆုံး AI အတွေ့အကြုံတို့ကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို အလွယ်ကူဆုံးနှင့် အလျင်မြန်ဆုံး လုပ်ဆောင်နိုင်တော့မည်ဖြစ်ပါတယ်။

Galaxy S26 Series ကို မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၁၇) ရက်နေ့အတွင်း အတန်ဆုံး အထူးခံစားခွင့်၊ လက်ဆောင်များနှင့် Pre-order မှာယူနိုင်ပါတယ်။
Samsung Electronics Co., Ltd. ကနေ အလိုလိုသိမြင်နားလည်နိုင်စွမ်းအရှိဆုံး၊ ကြိုတင်သိမြင်နိုင်ပြီး လိုအပ်ချက်အလိုက် လိုက်လျောညီထွေရှိအောင် အလုပ်ပေးနိုင်ဆုံး Galaxy AI လုပ်ဆောင်ချက်များပါဝင်လာပြီး ဖုန်းအသုံးပြုရင်း လုပ်ဆောင်ရတဲ့ နေ့စဉ် လုပ်ငန်းဆောင်တာများကို ရိုးရှင်းလွယ်ကူစေအောင် ဒီဇိုင်းပြုလုပ်ထားတဲ့ Galaxy S26 Series စမတ်ဖုန်းတွေကို ဒီနေ့မှာပဲ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Galaxy S26 ဟာ အစီအစဉ်တွေကို စီမံခန့်ခွဲတာ၊ အချက်အလက်ရှာဖွေ တာတွေကနေကစလို့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူး ပြုပြင်တာတွေအထိအတွက် လုပ်ဆောင်ရမယ့်အဆင့်တွေကို လျှော့ချပေးပြီး လွယ်ကူသက်သာစွာ လုပ်ဆောင်နိုင်စေမှာပါ။ Samsung ရဲ့ တတိယမြောက် မျိုးဆက်သစ် AI ဖုန်းဖြစ်တာနဲ့ အညီ Galaxy S26၊ S26+ နှင့် S26 Ultra တို့ဟာ ခက်ခဲတဲ့ လုပ်ဆောင်ချက်တွေကို နောက်ကွယ်ကနေ အလိုအလျောက် ကိုင်တွယ်ဖြေရှင်းပေးမှာဖြစ်ပြီး အသုံးပြုတွေအနေနဲ့ နည်းပညာရဲ့ လုပ်ဆောင်ပုံတွေထက် ရလဒ်ကိုပဲ အာရုံစိုက်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

Galaxy S26 series ကို ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်၊ ထိပ်တန်းအဆင့် အကောင်းမွန်ဆုံး ကင်မရာစနစ်နဲ့ Galaxy AI တို့လိုမျိုး Samsung ရဲ့ အဆင့်မြင့်ဆုံး စွမ်းဆောင်ရည် နဲ့ နည်းပညာတွေ ပေါင်းစပ်ပြီး ဖန်တီးပေးထားတာပါ။ ယခုလို ခိုင်မာတဲ့ အခြေခံကောင်းတွေကို ပံ့ပိုးပေးထားတာဖြစ်တဲ့အတွက် Galaxy S26 ကို အသုံးပြုသူတွေအနေနဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထိခိုက်မှာ စိုးရိမ်စရာမလိုဘဲ နေ့စဉ်ဘဝမှာ တစ်နေ့တာလုံး စိတ်ချလက်ချ အသုံးပြနိုင်စေမှာလည်း ဖြစ်ပါတယ်။

Samsung ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ Display နည်းပညာကို တီထွင်ဆန်းသစ်လာခဲ့တဲ့ အတွေ့အကြုံကနေဖန်တီးထားတဲ့ Galaxy S26 Ultra အသစ်နဲ့အတူ မိုဘိုင်းလ်ဖုန်း မှာ တစ်ပါတည်း ပါဝင်ပြီးသား ကမ္ဘာ့ပထမဦးဆုံး Privacy Display နည်းပညာကိုလည်း မိတ်ဆက်ပေးလာခဲ့ပါတယ်။ ဒါဟာ Display နည်းပညာရဲ့ စံနှုန်းသစ်တစ်ခုကို ဖော်ထုတ်ပေးလိုက်တာပဲဖြစ်ပြီး Samsung ရဲ့ လုံခြုံရေးအပေါ် ထားရှိတဲ့ ခိုင်မာတဲ့ရပ်တည်ချက်ကို Pixel တစ်ခုချင်းစီအထိ အသေးစိတ်ကျစွာနဲ့ ထပ်လောင်း အတည်ပြုလိုက်တာဖြစ်ပါတယ်။ Galaxy S26 Ultra မှာ ပိုမိုမြန်ဆန်ပြီး စွမ်းဆောင်ရည်ပိုမြင့်တဲ့ AI ကို အသုံးပြုနိုင်ဖို့အတွက် အံဝင်ဂွင်ကျဖြစ်အောင် အထူးဖန်တီးထားတဲ့ Chipset နဲ့ ပိုမိုအဆင့်မြင့်လာတဲ့ အပူထိန်းစနစ်တို့လည်း ပါဝင်လာမှာဖြစ်ပြီး အပါးလွှာဆုံး Ultra ဖုန်းလည်း ဖြစ်လာမှာပါ။

အဆိုပါ စွမ်းရည်မြင့်လုပ်ဆောင်ချက်တွေနဲ့ နောက်ဆုံးပေါ် အဆင့်မြှင့်တင်မှုတွေကြောင့် Galaxy S26 series ဟာ လက်ရှိအချိန်မှာ အကောင်းမွန်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Galaxy အတွေ့အကြုံကို ပေးစွမ်းသွားနိုင်မှာ ဖြစ်ပါတယ်။
“AI ဆိုတာက လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ အားကိုးအားထားရတဲ့ အရာတစ်ခု ဖြစ်ရမယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ထားပါတယ်။ လူတိုင်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်စရာတောင် မလိုအပ်ဘဲ ပံ့ပိုးလုပ်ဆောင်မှုတွေ တသမတ်တည်းရရှိနိုင်စေဖို့အတွက်ကိုလည်း ရည်ရွယ်ဖန်တီးထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Galaxy S26 Series နဲ့အတူ ကျွန်တော်တို့ ထည့်သွင်းပေးလိုက်တဲ့ AI နည်းပညာက AI အသုံးပြုမှုကို လွယ်ကူချောမွေ့စွာနဲ့ သက်တောင့်သက်သာရှိအောင် ပြုလုပ်ပေးထားတာဖြစ်ပြီး AI က နောက်ကွယ်ကနေပဲ တိတ်တဆိတ်ပံ့ပိုးကူညီပေးနေမှာဖြစ်လို့ အသုံးပြုသူတွေအနေနဲ့ အရေးကြီးတဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက်နိုင်စေမှာပါ“ လို့ Samsung Electronics ရဲ့ Chief Executive Officer President နဲ့ Device eXperience (DX) Division ရဲ့ Head ဖြစ်သူ TM Roh က ပြောကြားခဲ့ပါတယ်။

ယခု အသစ်မိတ်ဆက်လိုက်တဲ့ Galaxy S26 Series ဖုန်းအသစ်များကို မြန်မာနိုင်ငံမှာလည်း ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၁၇) ရက်နေ့အတွင်း အတန်ဆုံး Pre-order မှာယူသွားနိုင်မှာဖြစ်ပြီး အောက်ပါ အရောင်နဲ့ ဈေးနှုန်းတွေအတိုင်း ရရှိနိုင်မှာပါ။

- Galaxy S26Ultra (12/256GB) – ၅,၆၁၂,၀၀၀ ကျပ် (Free Upgrade to 512GB)
- Galaxy S26Ultra (12/128GB) – ၄,၉၉၅,၀၀၀ ကျပ် (Free Upgrade to 256GB)

ရရှိနိုင်မည့်အရောင်များ – Cobalt Violet၊ Sky Blue၊ Black၊ White၊ Pink Gold (Online exclusive)
- Galaxy S26+ (12/256GB) – ၄,၉၀၇,၀၀၀ ကျပ် (Free Upgrade to 512GB)
- Galaxy S26+ (12/128GB) – ၄,၃၉၃,၀၀၀ ကျပ် (Free Upgrade to 256GB)
ရရှိနိုင်မည့်အရောင်များ – Cobalt Violet၊ Sky Blue၊ Black၊ White
- Galaxy S26 (12/256GB) – ၄,၂၃၉,၀၀၀ ကျပ် (Free Upgrade to 512GB)
- Galaxy S26 (12/128GB) – ၃,၈၂၇,၀၀၀ ကျပ် (Free Upgrade to 256GB)
ရရှိနိုင်မည့်အရောင်များ – Cobalt Violet၊ Sky Blue၊ Black၊ White
အသစ်ထွက်ရှိထားတဲ့ Galaxy ထုတ်ကုန်သစ်များကို Pre-order ကာလအတွင်း မှာယူရင် အောက်ပါ အထူးခံစားခွင့်နဲ့ လက်ဆောင်တွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။
- Galaxy S26 Series ထဲက ဘယ်ဖုန်းမဆို ကြိုတင်မှာယူမယ်ဆိုရင် (၈) သိန်းကျပ်အထိ တန်ဖိုးရှိတဲ့ Double Storage လက်ဆောင်အဖြစ် Storage ကို နှစ်ဆ မြှင့်တင်ပေးထားတဲ့ မော်ဒယ်ကို ရရှိနိုင်မှာပါ။
- အတိုးမဲ့ အရစ်ကျ ပေးချေနိုင်မယ့် အစီအစဉ်အနေနဲ့လည်း AYA PAY ရဲ့ Buy Now Pay Later နဲ့ ၆ လ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
- (၉)++ သိန်း ကျပ် ဝန်းကျင်အထိ တန်ဖိုးရှိတဲ့ Samsung Care+ အကာအကွယ်ကိုလည်း ဝယ်ယူတဲ့နေ့မှစပြီး ၁၈ လအတွင်း ပေးအပ်သွားမှာဖြစ်လို့ မတော်တဆ အရှေ့မှန် မျက်နှာပြင် (Front Screen)ကွဲခြင်းအတွက် ၇၀% သက်သာခွင့် နဲ့ အနောက်ကိုယ်ထည် (Back Screen) ကွဲခြင်းအတွက် ၁၀၀% သက်သာခွင့်တွေကို အဆိုပါကာလအတွင်း ရရှိနိုင်မှာပါ။
- Samsung ကနေ ပေးအပ်သွားမယ့် Official Warranty ကိုလည်း (၂) နှစ်အထိ ရရှိသွားနိုင်ဦးမှာပါ။
Galaxy Unpacked မိတ်ဆက်ပွဲကြီးအတွက် ကြိုတင် Register ပြုလုပ်ခဲ့ပြီးမှ Pre-order မှာယူသူများအနေနဲ့လည်း Galaxy S26 Series ဖုန်း (၃) လုံးကို ထပ်မံကံစမ်း ရယူခွင့် ရနိင်ဦးမှာ ဖြစ်ပါတယ်။
Galaxy S26 Series ကို နီးစပ်ရာ Samsung Showroom နဲ့ Samsung ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများမှာအပြင် Samsung ရဲ့ တရားဝင် eStore ကနေလည်း အောက်ပါအတိုင်းလွယ်ကူစွာ Pre-order တင်ပြီး ဝယ်ယူရရှိနိုင်မှာပါ။
Galaxy S26 Ultra Preorder တင်ရန်
https://estoremyanmar.com/products/500/1487,1488,1489,1490,1491,1492,1493,1494
Galaxy S26+Preorder တင်ရန်
https://estoremyanmar.com/products/501/1496,1497,1498,1499,1500,1501,1502,1503
Galaxy S26 Preorder တင်ရန်
https://estoremyanmar.com/products/502/1504,1505,1506,1507,1508,1509,1510,1511
Online သီးသန့်သာ ရရှိနိုင်မယ့် Galaxy S26 Ultra (Pink Gold) Preorder တင်ရန် –
https://estoremyanmar.com/products/505/1529
နောက်ဆုံးပေါ် Galaxy S26 Series ဖုန်းများအပါအဝင် Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာလည်း ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။
#Samsung #GalaxyS26Series #GalaxyUnpacked #GalaxyUnpacked2026 #GalaxyAI
NZ (ရိုးရာလေး)

