ဂိမ်းသမားများအတွက် WIN THE GAME WITH STEELSERIES ခေါင်းစဉ်နဲ့ STEELSERIES PRODUCT တွေကို မိတ်ဆက်

eee.jpg

SHWE LAMIN NAGAR COMPANY LIMITED ကနေ မြန်မာနိုင်ငံအတွင်း တင်သွင်းဖြန့်ချီထားတဲ့ STEELSERIES GAMING ACCESSORIES ကို WIN THE GAME WITH STEELSERIES ခေါင်းစဉ်နဲ့ မိတ်ဆက်ပွဲအခမ်းအနားကို၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က Vintage Luxury Yacht Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ဖိတ်ကြားထားတဲ့ဧည်သည့်တော်များ၊ အရောင်းကိုယ် စားလှယ်များနဲ့ မီဒီယာများ တက်ရောက်ခဲ့ကြပြီး South Asia Sales Director Veris Chong ကအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ STEELSERIES အကြောင်းကိုလည်း SHWE LAMIN NAGAR COMPANY LIMITED က တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့ပါ တယ်။

အဲဒီနောက်မှာတော့ ဖိတ်ကြားထားတဲ့ဧည်သည်တော်များနဲ့မီဒီယာများကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့သလို STEELSERIES ထုတ်ကုန် တွေကိုလည်း ကြွရောက်လာတဲ့ဧည့်သည်တော်ထဲက ၁၀ ဦးကို မဲဖောက်ပေးအပ်ခဲ့ပါတယ်။

SHWE LAMIN NAGAR COMPANY LIMITED က တင်သွင်းထားတဲ့ STEELSERIES တွေက ဂိမ်းဆော့တဲ့သူတွေမရှိမဖြစ်လိုအပ်တဲ့ GAMING ACCESSORIES ဖြစ်ပါတယ်။ STEELSERIES GAMING ACCESSORIES အနေနဲ့ အမျိုးအစား ၄ မျိုးရှိပါတယ်။ အဲဒီ အမျိုးအစား ၄ မျိုးကတော့ GAMING KEYBOARD, GAMING MOUSE, GAMING MOUSE PAD, GAMING HEADSET တို့ဖြစ်ပါတယ်။ ပစ္စည်းအမျိုးအစားအလိုက် အာမခံသက်တမ်း ၁ နှစ် ကနေ ၂ နှစ်အထိ ပေးထားပြီး အဲဒါတွေကို SHWE LAMIN NAGAR COMPANY LIMITED. ရဲ့  DEALER/RESELLER ဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်။

SHWE LAMIN NAGAR COMPANY LIMITED. က STEELSERIES ထုန်ကုန်တွေကို သြဂုတ်လ ၂၀၁၉ခုနှစ်က စတင်ပြီး မြန်မာပြည် ရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် မြန်မာတစ်ပြည်လုံးမှာ တင်သွင်းရောင်းချခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top