MPT သုံးစွဲသူတွေအနေနဲ့ LTE+ Data Roaming ကို ခရီးသွားအများဆုံး နိုင်ငံရပ်ခြား ခရီးစဉ်တွေမှာ အသုံးပြုနိုင်ပြီ

MPT-e1556611527708.jpg

မြန်မာနိုင်ငံရဲ့ ပထမဦးနဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT က ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား နဲ့ ဟောင်ကောင်တို့ကို ခရီးသွားလာကြမယ့် MPT သုံးစွဲသူခရီးသွားတွေက ဈေးနှုန်းသက်သာစွာနဲ့ မြန်နှုန်းမြင့် အင်တာနက် LTE+ roaming ဒေတာဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားကို ခရီးသွားကြမယ့် သူတွေအနေနဲ့ သူတို့ရဲ့ ခရီးစဉ်အတွင်း မြန်ဆန်လှတဲ့ အင်တာနက်အသုံးပြုမှုကို ဈေးနှုန်းချိုသာစွာနဲ့ အသုံးပြုနိုင်မယ့်အပြင် အင်တာနက် (MB) အသုံးပြုမှု ပမာဏတိုင်းအတွက် ၉၉% အထိချွေတာသုံးစွဲနိုင်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းမှာ MPT က data roaming နှုန်းထားနဲ့ package အစီအစဉ်သစ်ကို MPT GSM/WCDMA မိုဘိုင်းလ်အသုံးပြုသူ အားလုံးအတွက် မိတ်ဆက်ပေးခဲ့ပြီး ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်နိုင်ငံတွေမှာ အင်တာနက် အသုံးပြုမှုတိုင်းအတွက် 1MB ကို ၉ ကျပ်နှုန်းဖြင့် တစ်ပတ်လျှင် ဝန်ဆောင်ခနှုန်းထား ၉၀၀ ကျပ်ပေးသွင်းပြီး အသုံးပြုနိုင်မယ့် အစီအစဉ် ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအစီအစဉ်ကို ရယူထားခြင်းမရှိတဲ့ အသုံးပြုသူတွေအနေနဲ့ 1MB လျှင် ၁၅ ကျပ်နဲ့ သုံးစွဲမှုအတိုင်းကျသင့်တဲ့ အစီအစဉ်ကိုလည်း အသုံးပြုနိုင်ရန် မိတ်ဆက်ပေးခဲ့ပါတယ်။

အခုလည်း MPT အသုံးပြုသူတွေအနေနဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား နဲ့ ဟောင်ကောင်တွေမှာ မြန်နှုန်းမြင့် အင်တာနက် LTE+ data roaming ကို လက်ရှိ ပရိုမိုးရှင်း နှုန်းထားတွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်တော့မှာဖြစ်ပြီး၊ သူတို့ရဲ့ မိုဘိုင်းလ်ဖုန်းတွေမှာ LTE+ ကို ဖွင့်ထားရုံနဲ့ ပိုမိုကောင်းမွန်တဲ့ data roaming အင်တာနက် အတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းသက်သာတဲ့ ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် မြန်မာနိုင်ငံမှာကော နိုင်ငံရပ်ခြားမှာပါ *9007# သို့မဟုတ် *106*2*5*2# သို့မဟုတ် 1332 ကို ‘NINE’ လို့ SMS ပေးပို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် MPT4U app ကတစ်ဆင့်လည်း ရယူအသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းကာလ (၇) ရက်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ ခရီးသွားနေစဉ်ကာလအတွင်း MPT ကွန်ရက်ကတစ်ဆင့် အောက်ပါနိုင်ငံ (၉) နိုင်ငံမှာ အထူးအခွင့်အရေးတွေကို ရယူနိုင်မှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ MPT အသုံးပြုသူတွေအနေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အမေရိက၊ သြစတေးလျ၊ သီရိလင်္ကာနိုင်ငံတွေမှာ သင့်တင့်တဲ့နှုန်းထားဖြစ်တဲ့ 1MB ကို (၅၀) ကျပ်နှုန်းနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top