ထရပ်ကားပေါ်က ကွန်တိန်နာပုံး ပြုတ်ကျပြီး ဘတ်စ်ကားကို ဝင်ဆောင့်လို့ လူ ၁၉ ယောက် သေဆုံး

yyl-034-8.jpg

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ထရပ်ကားပေါ် တင်လာတဲ့ ကွန်တိန်နာပုံး ပြုတ်ကျပြီး ခရီးသည်တင်ဘတ်စ်ကားကို ဆောင့်တိုက်မိခဲ့လို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ပါတယ်။ ထရပ်ကားရဲ့ ကားဘီးတစ်ဘီးပေါက်ပြီး ကွန်တိန်နာပုံးကို ချိတ်ထားတဲ့ချိတ် ပြုတ်ထွက်သွားခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ ”ဘတ်စ်ကားပေါ်မှာ လူ ၄၈ ယောက် ပါတယ်။ လူတော်တော်များများရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်ရပါတယ်”လို့ အရာရှိတစ်ယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီခွဲအချိန်က မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ကီရာလာပြည်နယ် ပို့ဆောင်ရေး ကော်ပိုရေးရှင်းက ပိုင်ဆိုင်တဲ့ Volvo ဘတ်စ်ကားဟာ ကာနာတာကာပြည်နယ်၊ ဘန်ဂလိုရီမြို့ကနေ ကီရာလာပြည်နယ်၊ အာနာကူလမ်မြို့ကို ဦးတည်မောင်းနှင်နေတာဖြစ်ပြီး ထရပ်ကားကတော့ ဘတ်စ်ကားနဲ့ မျက်နှာချင်းဆိုင်ဘက် ယာဉ်ကြောကနေ မောင်းနှင်လာခဲ့တာပါ။ အခုအချိန်အထိတော့ ထရပ်ကား ယာဉ်မောင်းက ထွက်ပြေးတိမ်းရှောင်နေဆဲပါပဲ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top