ဒိန်းမတ်ဈေးဝယ်စင်တာမှာ ပစ်ခတ်မှုဖြစ်ပွားလို့ လူ ၃ ဦး သေဆုံး

4-7-2022-06.jpg

ဒိန်းမတ်နိုင်ငံရဲ့ အကြီးဆုံး ဈေးဝယ်စင်တာတစ်ခုမှာ သေနတ်သမားတစ်ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူ ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူ ၃ ဦးရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကိုပင်ဟေဂင်မြို့တောင်ပိုင်း Field’s mall မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ သေနတ်သမားကို ဖမ်းဆီးထိန်းသိမ်းပြီး စွဲချက်တင်ထားပါတယ်။ သူ့ကို ဖမ်းဆီးနိုင်ချိန်မှာ ရိုင်ဖယ်သေနတ်နဲ့ ကျည်ဆန်အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။ သေနတ်သမားက ဒိန်းမတ်လူမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုလုပ်တဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုမဟုတ်ဘူးလို့ မပြောနိုင်ကြောင်း ဒိန်းမတ်ရဲမှူးချုပ် သောမတ်ဆန်က ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ဒိန်းမတ်အိမ်ရှေ့မင်းသား ဖရက်ဒရစ်ရဲ့ ဧည့်ခံပွဲကို ဖျက်သိမ်းလိုက်ပြီလို့ ဒိန်းမတ်တော်ဝင်မိသားစုက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားရာကနေ တစ်မိုင်နီးပါးလောက်မှာ ကျင်းပမယ့် ဗြိတိန်အဆိုတော် ဟာရီစတိုင်ရဲ့ ဂီတဖျော်ဖြေပွဲကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

Ref: BBC ” Copenhagen shooting: Gunman kills three in Field’s shopping mall”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top