ထောင် (၃) နှစ် ချမှတ်ခံခဲ့ရတဲ့ အဆိုတော် ဆွန်းရီ

11-8-2021-yyl12.jpg

သြဂုတ်လ ၁၂ ရက်နေ့က တောင်ကိုရီးယားအဆိုအဖွဲ့ BigBang ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ အဆိုတော် ဆွန်းရီ (Seungri) ကို စစ်တရားရုံးမှာ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပါတယ်။ ဆွန်းရီဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာ ရှာပေးတဲ့အမှု၊ တရားမဝင်နိုင်ငံခြားငွေလဲလှယ်ပြီး လောင်ကစားလုပ်မှုအပါအဝင် စွဲဆိုချက် (၉) ခုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။

ဆွန်းရီက ထောင်ဒဏ် (၃) နှစ်အပြင် ဒဏ်ငွေ ဝမ် ၁,၁၅၆,၉၀၀,၀၀၀ (ခန့်မှန်းခြေ ဒေါ်လာ ၉၉၄,၅၄၄) ကိုလည်း ပေးဆောင်ရမှာဖြစ်ပါတယ်။ လိပ်ပိုင်းဆိုင်ရာပြစ်မှုနဲ့စပ်လျဉ်းပြီး ပြစ်မှုဆိုင်ရာအက်ဉပဒေကို ချိုးဖောက်ခဲ့တဲ့အတွက် သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေကို အမျိုးသားမှတ်ပုံတင်ဌာနမှာ စာရင်းသွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည့်တန်ဆာဝန်ဆောင်မှုပေးတဲ့စွဲချက်နဲ့ပတ်သက်ပြီး တရားရုံးက”တရားခံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာရှာပေးဖို့အတွက် ယိုအင်ဆော့ခ် (Yoo In Suk) နဲ့ လျှို့ဝှက်ကြံစည်ခဲ့ပြီး အကျိုးအမြတ်ရယူခဲ့တယ်။ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ တရားခံရဲ့ပြစ်မှုတွေက လူမှုအသိုင်းအဝိုင်းမှာ မကောင်းတဲ့လွှမ်းမိုးမှုဖြစ်စေခဲ့တယ်”လို့ သုံးသပ်ချက်ပေးပါတယ်။

ဆွန်းရီက တရားမဝင်နိုင်ငံခြားငွေလဲလှယ်တဲ့အက်ဉပဒေချိုးဖောက်တာကလွှဲလို့ စွဲချက်အကုန်လုံးကို ငြင်းဆိုခဲ့ပေမဲ့လည်း တရားရုံးက ဆွန်းရီကို စွဲဆိုချက် (၉) ခုလုံးနဲ့ အပြစ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ ဆွန်းရီက စစ်မှုထမ်းဆောင်နေတာဖြစ်ပြီး စက်တင်ဘာလအလယ်မှာ စစ်မှုထမ်းပြီးဆုံးမှာဖြစ်ပေမဲ့ အခုတော့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာကြောင့် စစ်မှုထမ်းဆောင်တာကနေ ထွက်ရတော့မှာဖြစ်ပါတယ်။ ဆွန်းရီရဲ့နိုင်ငံတကာပရိသတ်တွေကတော့ ဒီကနေ့အထိ ဆွန်းရီ အပြစ်ကင်းတယ်လို့ ယုံကြည်ထားကြပါတယ်။

ဆွန်းရီက ၂၀၁၉ခုနှစ် Burning Sunရဲ့ရှုပ်ထွေးလှတဲ့ပြဿနာတွေထဲမှာ ပါဝင်မိကတည်းက တရားရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

Ref: Soompi “Seungri Receives 3-Year Prison Sentence”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top