– မြန်မာနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်က အမေရိကန်၊ ဗြိတိန်နိုင်ငံတွေနဲ့ မတူပါဘူး။ အခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်နေချိန်မှာ မြန်မာနိုင်ငံရဲ့အခြေခံဥပဒေကို လျစ်လျူရှုလို့ မရပါဘူး။
– မြန်မာနိုင်ငံက တရားရေးစနစ် ခိုင်မာအားကောင်းဖို့၊ အမျိုးသားစည်းလုံးညီညွတ်ရေး ဟန်ချက်ညီဖို့ ကြိုးစားနေသလို ပြည်သူအားလုံးရဲ့လုံခြုံရေးနဲ့ အခွင့်အရေးကိုလည်း အာမခံချက်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒေသတွင်း လူအဖွဲ့အစည်းတွေကြားမှာ စည်းလုံးညီညွတ်အောင် လုပ်ဆောင်နေပါတယ်။
– ဂမ်ဘီယာရှေ့နေရဲ့ အဖွင့်တင်ပြချက် အပုဒ် ၁၈ မှာ ဘောလုံးပွဲဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ဘောလုံးပြိုင်ပွဲရဲ့
ဓာတ်ပုံတစ်ပုံတွေ တင်ပြခွင့်ပြုပါ။ ဒါကတော့ သိပ်မကြာသေးခင်က မောင်တောမြို့ မြို့မအားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲပါ။ ဒီပြိုင်ပွဲမှာ မတူကွဲပြားတဲ့ မျိုးနွယ်တွေ ပါဝင်ဆင်နွှဲခဲ့တာကို တွေ့ရမှာပါ။ မောင်တောမြို့ဟာ ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေမှာ ဗဟိုချက်ဖြစ်ခဲ့တဲ့နေရာပါ။
– တရားသူကြီးမင်းက မြန်မာနိုင်ငံရဲ့ စည်းလုံးညီညွတ်မှု၊ မတူကွဲပြားမှုတွေကို ရှေးရှုပြီး တရားမျှတတဲ့ ဆုံးဖြတ်ချက် ချမှတ်ပါစေလို့ ကျွန်မဆုတောင်းပါတယ်။
– ရခိုင့်တပ်မတော်နဲ့ မြန်မာစစ်တပ်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကို အဆုံးသတ်ဖို့က ကျွန်မတို့နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သလို ၂၀၁၆၊ ၂၀၁၇ ခုနှစ်ကလို အဖြစ်တွေ ထပ်ပြီးမပေါ်ပေါက်ဖို့ကလည်း ဆတူအရေးကြီးပါတယ်။ အဆုံးသတ်အနေနဲ့ ဒီအမှုကို ဖျက်သိမ်းပေးပြီး ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ ယာယီစီမံချက်ကို ပယ်ချပေးဖို့ တောင်းဆိုပါတယ်။
Team(ရိုးရာလေး)