Viber CEO မှ WhatsApp ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ ပြုပြင်မွမ်းမံမှုအပေါ် အပြင်းအထန်ဝေဖန်ပြီး သုံးစွဲသူများအား အခြားသော app များရွေးချယ်အသုံးပြုရန် တိုက်တွန်း

final-viber-whatsapp-logo-1.png

အခမဲ့နှင့် အလွယ်တကူ ဆက်သွယ်မှုများပြုလုပ်နိုင်သော ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သော Rakuten Viber သည် WhatsApp ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ ပြုပြင်မွမ်းမံမှုအပေါ် အပြင်းအထန် ဝေဖန်ရှုံ့ချခဲ့သည်။ WhatsApp အသုံးပြုသူများ ယခင်တွင် သူတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များ Facebook ထံထည့်သွင်းရန် မလိုအပ်ပေမယ့် ယခုတွင် လိုအပ်လာပြီဖြစ်သည်။ အသုံးပြုသူများအနေဖြင့် ရက် ၃၀ အတွင်း သတ်မှတ်ချက်အသစ်ကို လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက သူတို့၏ အကောင့်များ ပိတ်သိမ်းခံရမည်ဖြစ်သည်။

WhatsApp အသုံးပြုသူများ၏ ကြုံဆုံနေရသော အကျပ်အတည်းအား နားလည်နိုင်ရန် WhatsApp ၏ ပူးတွဲတည်ထောင်သူ Brain Acton မှ ၂၀၁၈ ခုနှစ်တွင် Parmy Olsen နှင့် ဖြေကြားခဲ့သော အင်တာဗျူးအား ပြန်ကြည့်ရန် အကြံပြုပါသည်။ ထိုအင်တာဗျူးတွင် Acton သည် Facebook မှ ထွက်ခွာခဲ့ရသည့် အကြောင်းအရင်းနှင့် သူ၏ twitter မှ Facebook အားဖျက်ပြစ်ရန် အသုံးပြုသူများအား တိုက်တွန်းသော tweet ၏ အဓိပ္ပါယ်အား “ကျွန်တော်တို့ app အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကျွန်တော်အမြတ်ရအောင် ရောင်းမိခဲ့ပါတယ်။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချခဲ့ပြီး အဲ့ဆုံးဖြတ်ချက်နဲ့အညီ ပြုလုပ်ခဲ့ပါတယ်။ အဲ့အသိညာဏ်နဲ့ ပဲကျွန်တော်စိတ်မချမ်းသာစွာ နေ့စဉ်ဖြတ်သန်းနေရပါတယ်။” ဤကဲ့သို့ ရှင်းပြခဲ့သည်။

WhatsApp သည် နောက်ဆုံး‌ပေါ် ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် Facebook နှင့် အပြည့်အဝ ပူးပေါင်းပြီးပြီ ဖြစ်သည်။ Facebook နှင့် WhatsApp ပူးပေါင်းပြီးနောက် ထိုစာတိုပို့ဆောင်ရေး အပ်ပလီကေးရှင်း၏ သုံးစွဲသူများသည် ယခင်ကထက် ပိုမိုပိုက်ဆံကောက်ခံနေရသည့်အတွက် သိုသိုသိပ်သိပ် စာတိုပေးပို့ချင်သူများအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ခံယူထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့အထိ WhatsApp သည် ၎င်း၏ သဘောတူညီချက် စည်းကမ်းချက်များ အနက် ဤကဲ့သို့ပြောကြားခဲ့သည်။

“ကျွန်တော်တို့သည် အသုံးပြူသူများ၏ ကိုယ္ရေးကိုယ်တာ အချက်အလက်များအား လေးစားရန် အရိုးထဲစွဲ၍ မှတ်ထားသည်။ WhatsApp အား စတင် တည်ထွင်ခဲ့သည် အချိန်မှစ၍ ကိုယ်ရေးကိုယ်တာအချက်အလက်များအား မပေါက်ကြားစေရန် ကျင့်ဝတ်နှင့်အညီ ဝန်ဆောင်မှုများအား ပေးအပ်ရန် ခေါင်းထဲအမြဲထည့်သွင်းထားမြည်ဖြစ်သည်။”

“WhatsApp အသုံးပြုပြီး ပေးပို့ခဲ့သည့် စာတိုအချက်အလက်များကို လူအများကြည့်ရှုနိင်ရန် Facebook သို့ ပေးပို့မျှဝေသွားမည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ Facebook မှ WhatsApp အား ကောင်းမွန်စွာလည်ပတ်နိုင်ရန်နှင့် ဝန်ဆောင်မှုများ ကောင်းမွန်စွာ ပေးအပ်ရန် စသည့်အချက်များအပေါ် ကူညီထောက်ပံ့ရန် အတွက်သာ အသုံးပြုသူများပေးပို့သည့် စာတိုများအား ကြည့်ရှုပြီး ကူညီမည်ဖြစ်သည်။ ထင်မြင်ထားခဲ့သည့်အတိုင်း ထိုသဘောတူညီချက် စည်းကမ်းချက်များအား ဖယ်ရှားခဲ့သည်။

WhatsApp ၏ မသေသပ်သော အသုံးပြုသူအချက်အလက် လုံခြုံမှုနှင့် နှိုင်းယှဉ်လျှင် Viber သည် အသုံးပြုသူအချက်အလက်များအား လုံခြုံစိတ်ချစေရန် အဓိကလုပ်ဆောင်ချက်များအား အကောင်ထည်ဖော် လုပ်ဆောင်လျက်ရှိသည်။ ထိုလုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

မူလအားဖြင့်အချင်းချင်းလျို့ဝှက်စွာစာပို့နိုင်ခြင်း : ပုဂ္ဂိုလ်ရေးဆိုင်ရာ အခမဲ့ဖုန်းခေါ်ဆိုမှုများနှင့် စာပို့ခြင်းများအတွက် သီးသန့် ဆက်တင် (ချိန်ညှိရန်) မလိုအပ်ပါ။ Viber အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ အသုံးပြုသူ၏ ခေါ်ဆိုမှုနှင့် စာပို့ခြင်းများကို ဝင်ရောက်ဖတ်ရှုခွင့် မရှိပါ။

ပေးပို့ထားသောစာများကို Viberမှ သိမ်းဆည်းထားခြင်း မရှိသကဲ့သို့ cloud backup ကိုလည်း ပုံမှန်အားဖြင့် ပိတ်ထားပါသည်။ အသုံးပြုသူများသည် သူတို့၏ စာများကို အရန်အနေနှင့် သိမ်းဆည်းလိုပါက cloud backup ကို ဖွင့်ထားနိုင်သည်။ သို့သော် Viber အနေနှင့် အသုံးပြုသူများ၏ စာနှင့်ခေါ်ဆိုမှုများကို ကူးယူသိမ်းဆည်းထားမည် မဟုတ်ပါ။

မျက်နှာပြင်လုံခြုံမှု။ Viber သည်အရည်သွေးမြင့် မျက်နှာပြင်လုံခြုံမှုကို ထောက်ပံ့ပေးထားပြီး အသုံးပြုသူများကို အလိုလျောက်ဖျက်ပြစ်သည့် စာများပို့ခြင်းကိုလည်း ခွင့်ပြုပေးထားရုံသာမက စာတစ်ခုလုံးကို လျှို့ဝှက်ထားနိုင်ပြီး pin code ကို အသုံးပြုခြင်းဖြင့်သာ မြင်နိုင်သည့် လုပ်ဆောင်ချက်အားလည်း အသုံးပြု၍ရအောင် လုပ်ဆောင်ထားသည်။

အသုံးပြုသူ၏ အချက်အလက်များကို facebookနှင့်မျှဝေမှုမရှိခြင်း။ Viber သည် Facebook နှင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ရပ်တန့်ခဲ့သည်။ အသုံးပြုသူ၏ သတင်းအချက်အလက်များ (အသုံးပြုသူ၏ ဖုန်းနံပါတ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ) အား Facebook နှင့် မျှဝေထားမည် မဟုတ်ပါ။

Team ( ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top