ယူကရိန်းလေယာဉ်ကို ပစ်ချမိတယ်လို့ အီရန်အစိုးရပိုင် ရုပ်သံလိုင်း ဖော်ပြ

intl0111012020.jpg

ယူကရိန်းခရီးသည်တင်လေယာဉ်ကို အထင်မှားပြီး ပစ်ချမိခဲ့တယ်လို့ အီရန်စစ်တပ်က ဝန်ခံခဲ့ကြောင်း အီရန်အစိုးရပိုင် ရုပ်သံလိုင်းက ဖော်ပြပါတယ်။ အီရန်နိုင်ငံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ထိလွယ်ရှလွယ်တဲ့နေရာနား ကပ်ပြီး ပျံသန်းလာခဲ့တဲ့ အဲဒီလေယာဉ်ကို လူသားအမှားကြောင့် ပစ်ချမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်အတွက် အပြစ်ရှိသူတွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။

လူ ၁၇၆ ဦး လိုက်ပါလာတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တီဟီရန်မြို့နားမှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့ပါတယ်။ အစောပိုင်း မှာ အဲဒီလေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်ဆိုတဲ့ ယူဆချက်တွေကို အီရန်နိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်တွေအရ အဲဒီလေယာဉ်ကို အီရန်နိုင်ငံက မတော်တဆ ပစ်ချမိခဲ့တာဖြစ်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်နဲ့ ယူကရိန်းနိုင်ငံတွေက ပြောခဲ့တဲ့ အတွက် ဖိအားတွေ ပိုများလာခဲ့ပါတယ်။

အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန် လေတပ်စခန်းတွေကို အီရန်နိုင်ငံက ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ယူကရိန်းနိုင်ငံတကာ လေကြောင်းလိုင်းရဲ့ လေကြောင်း အမှတ် PS752 လေယာဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က လေယာဉ်ပျက်ကျရာနေရာမှာ မြေတူးစက်တွေသုံးပြီး အပျက်အစီး အပိုင်းအစတွေကို ရှင်းလင်းနေတဲ့ ဓာတ်ပုံတွေ ထွက်လာကတည်းက အဓိကသက်သေတွေ ဖျက်ဆီးခံနေရပြီဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top