အီရန်နျူကလီးယားစာချုပ်မှ အမေရိကန် နုတ်ထွက်

101226848_hi046647340.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတဟောင်းအိုဘားမား လက်ထက်က ချုပ်ဆိုခဲ့တဲ့ အီရန်နဲ့ နျူကလီးယား စာချုပ်ကနေ နုတ်ထွက်လိုက်ကြောင်း ပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတဟာ ဥရောပက မဟာမိတ်နိုင်ငံတွေ အကြံပေးမှုကို ဆန်ကျင့်ကာ နျူကလီးယား စာချုပ်မှ ထွက်ခဲ့တာဖြစ်ပြီး အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ပြန်လည်ချမှတ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အီရန်နိုင်ငံကလည်း နျူကလီးယားစွမ်းအင်နဲ့ လက်နက်လုပ်ဆောင်နိုင်ဖို့ အဓိက အရေးပါတဲ့ ယူရေနီယံ သန်စင့်မှု လုပ်ငန်းတွေ ပြန်စတင်ဖို့ ပြင်ဆင်နေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ နျူကလီးယားစာချုပ်နဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေကို လေးစားမှုမရှိတာကို ပြသခဲ့တာလို့ အီရန်သမ္မတ ရိုဟာနီက ပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံအနေနဲ့ လိုအပ်ချိန်မှာ ကန့်သတ်ချက်မရှိဘဲ နျူကလီးယား သန်စင့်တဲ့လုပ်ငန်းတွေကို ပြန်လုပ်မှာသွားမှာဖြစ်ပြီး အဲဒီအတွက် အဆင်သင့်ပြင်ထားဖို့ အီရန် နျူကလီးယားစွမ်းအင် အဖွဲ့အစည်းကို အမိန့်ပေးထားတယ်လို့ အီရန်သမ္မတက ပြောခဲ့ပါတယ်။

အီရန်နိုင်ငံဟာ၂၀၁၅ခုနှစ်က အီရန် နျူကလီးယားစာချုပ် လက်မှတ်ထိုးထားတဲ့ အခြား နိုင်ငံတွေအပြင် မဟာမိတ်နိုင်ငံတွေနဲ့ သီတင်းပတ် အနည်းငယ်အတွင်း ဆွေးနွေးမှု လုပ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ နျူကလီးယားစာချုပ်မှာ ပါဝင်ချုပ်ဆိုထားတဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ နျူကလီးယားစာချုပ် ရည်ရွယ်ချက်တွေကို ပူးပေါင်းဆောင်ရွက်ခွင့်ရမယ်ဆိုရင် စာချုပ်အတိုင်း ဆက်လက်ရှိနေမယ်လို့ အီရန်သမ္မတက ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတက အီရန်နျူကလီးယားစာချုပ်ဟာ အီရန်ရဲ့ နျူကလီးယား လှုပ်ရှားမှုတွေကိုသာ ကန့်သတ်နိုင်ပြီး ပဲ့ထိန်းဒုံးကျည် ဖွံဖြိုးရေးလုပ်ဆောင်မှုတွေကို ရပ်တန့်နိုင်မှုမရှိကြောင်း အမေရိကန်သမ္မတက ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဖိနှိပ်ချုပ်ချယ်မှုအပြင် အကြမ်းဖက်အဖွဲ့အစည်းတွေကို လက်နက်တွေ ထောက်ပံနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ အသုံးပြုခဲ့တယ်လို့ အီရန်သမ္မတက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်ကျော်က အီရန်နဲ့ နျူကလီးယား စာချုပ်လက်မှတ်ထိုးခဲ့တဲ့ အမေရိကန်သမ္မတဟောင်းကတော့ ဒေါ်နယ်ထရမ့်ရဲ့ကြေညာချက်ဟာ မှားယွင်းနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်နိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ချက်ချင်းလုပ်ဆောင်မှာ မဟုတ်ကြောင်း၊ ရက်ပေါင်း ၉၀ နဲ့ ၁၈ဝအတွင်း ပိတ်ဆို့မှုတွေ လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

Ref: BBC “Trump pulls US out in break with Europe allies”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top