လမ်းချိုင့်ကွက်တွေကို ကြားခံအ​ဖြစ် အသုံးပြုပြီး​စိတ်ကူးစိတ်သန်းကောင်းတဲ့ ဓာတ်ပုံတွေ ဖန်တီးရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပညာရှင်စုံတွဲ

5.4.2023-yyl-iamge-4.jpg

ဓာတ်ပုံဆရာတွေဖြစ်တဲ့ ကလော်ဒီယား ဖီကာနဲ့ ဒါဗစ်ဒီ လုဆီယားနိုတို့စုံတွဲဟာ လမ်းချိုင့်ကွက်တွေနဲ့ စိတ်ကူးစိတ်သန်းကောင်းတဲ့ ဓာတ်ပုံတွေ ဖန်တီးရိုက်ကူးမယ့် စိတ်ကူးအကြံဉာဏ်ရခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံတွေကို “My Potholes” လို့လည်း အမည်ပေးထားပါတယ်။ သူတို့ရဲ့ရပ်ကွက်အတွင်းက ချိုင့်ကွက်နဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ သူတို့ရဲ့တစ်ဦးချင်းအတွေ့အကြုံတွေကနေ ဒီဓာတ်ပုံပရောဂျက်အတွက် စိတ်ကူးအကြံဉာဏ်က ဖြစ်တည်လာခဲ့တာပါ။

အစပိုင်းမှာ ဓာတ်ပုံအတွက် သူတို့ကိုယ်တိုင် မော်ဒယ်လုပ်ခဲ့ကြတာပါ။ နောက်တော့ မော်ဒယ်တွေအဖြစ် သူတို့မိသားစုနဲ့သူငယ်ချင်းတွေက ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ သူတို့ကို တိုရွန်တို၊ နယူးယော့ခ်နဲ့ လော့စ်အိန်ဂျလိစ်တို့လို မြို့တွေဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ ချိုင့်ကွက်တွေကို တီထွင်ဖန်တီးမှုကြားခံအဖြစ် အသုံးပြုပြီး ဓာတ်ပုံရိုက်တာက ဟာသတစ်ခုအနေနဲ့ စတင်ခဲ့ရာကနေ ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံဖြစ်လာခဲ့ပါတယ်။ တစ်ခါတလေ အရာဝတ္ထုတွေအပေါ် သူတို့ရဲ့အမြင်ကို ပြောင်းလဲတာက အဲ့ဒါတွေကို ပြုပြင်တာထက် ပိုအရေးကြီးတယ်ဆိုတာ သင်ယူခဲ့ရတယ်လို့ ကလော်ဒီယားနဲ့ ဒါဗစ်ဒီက ပြောပါတယ်။

ပျက်စီးနေတဲ့ လမ်းကို စိတ်ကူးယဉ်ဆန်တဲ့ အနုပညာလက်ရာအဖြစ် ပြောင်းလဲဖို့ ချိုင့်ကွက်တွေကို ထီထွင်ဖန်တီးမှုကြားခံအဖြစ် အသုံးပြုပြီးတော့ သူတို့နှစ်ဦးရဲ့ထူးခြားတဲ့အနုပညာအမြင်ကို အသက်ဝင်စေခဲ့ပါတယ်။ သူတို့ရဲ့ဓာတ်ပုံတွေကတဆင့် အရောင်မှိန်မွဲတေနေတဲ့ အရာဝတ္ထုတွေရဲ့အလှတရားကို မြင်ဖို့ ကြည့်ရှုသူတွေကို တိုက်တွန်းနေပါတယ်။

Ref: The Art Of Potholes: These Artists Turned ‘Urban Blemishes’ Into Creative Photo Opportunities

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top